Latest News

Saturday, April 8, 2017

ညောင်လေးပင်တွင် ကလေးငယ်များ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွား

ညောင်လေးပင်တွင် ကလေးငယ်များ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွား



ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်ထဲမှာ ကလေးငယ်တွေ ဝမ်းပျက်ဝမ်းလျှောရောဂါ အဖြစ်များနေလို့ ဆေးရုံ၊ ဆေးခန်းတွေမှာ တက်ရောက်ကုသနေကြရပါတယ်။

ဧပြီ ပထမအပတ်ကစပြီး အခုချိန်ထိ ဝမ်းပျက်ဝမ်းလျှောရောဂါ
ဖြစ်ပွားနေကြတာလို့ ကလေးမိခင်တဦးက ပြောပါတယ်။
“ကျမကလေးအပါအဝင် ဆေးရုံမှာ ခုကလေး ၁၅ ယောက်၊ ၂၀ လောက် ၀မ်းပျက်ဝမ်းလျှောနဲ့ လာရောက်ကုသနေကြပါတယ်။ ဖြစ်တာက အရင်ဆုံးကိုယ်ပူတယ်၊ အန်တယ်၊ ပြီးမှ ဝမ်းပျက်
ဝမ်းလျှောဖြစ်တယ်။ ခုတော့ နည်းနည်းသက်သာနေပါပြီ။”

မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသောင်းဒန်ဦးက “ဝမ်းပျက်ဝမ်းလျှောပဲ ခုဟာက များပါတယ်။ ရာသီဥတုပူပြင်းတာရယ်၊ သောက်ရေ
သုံးရေတွေလည်း ရှားပါးလာတာကြောင့် ရေမသန့်ရှင်းတာရယ်၊ အစားအသောက်မသန့်ရှင်းတာ။ ကလေးတွေဆိုတော့ လက်တွေ
ဘာတွေ ပေနေမယ်၊ လက်ကို စင်ကြယ်အောင်မဆေးပဲ စားမိမယ်၊ အဲ့တာမျိုးတွေကြောင့်လည်း ဖြစ်ပွားနေတာပါ” လို့ ပြောပါတယ် ။

ကလေးငယ်တွေ ၀မ်းပျက်ဝမ်းလျှောရောဂါ မဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရမယ့် အခြေနေတွေကိုလည်း အခုလို ရှင်းပြပါတယ်။

“ဒီလိုဝမ်းပျက်ဝမ်းလျှောမဖြစ်ရအောင် သန့်ရှင်းလက်ဆတ်တဲ့ အစားအစာတွေစားရမယ်၊ ရေကိုကြိုချက်ပြီး သောက်ရမယ်။ ရေကောင်းရေသန့်တွေ သုံးစွဲရမယ်ပေါ့။ အသုံးပြုတဲ့ ပန်းကန်အိုး
ခွက်တွေကို သန့်ရှင်အောင်ထားဖို့လိုတယ်။ ဆေးဝါးကုသမှု
တွေကတော့ ခန္ဓာကိုယ်က ထွက်သွားတဲ့ အရည်တွေကို ပြန်လည်
ဖြည့်ဆီးပေးဖို့ပါပဲ။ ကလေးတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သာမန်ဝမ်းပျက်ဝမ်းလျှောပါပဲ။”

အခုလက်ရှိ ဝမ်းပျက်ဝမ်းလျှောဖြစ်နေကြတဲ့ ကလေးအများစုဟာ ညောင်လေးပင်မြို့နဲ့ အလှမ်းဝေးတဲ့ ကျေးရွာတွေက ကလေးတွေ အဖြစ်များနေကြတယ်လို့ သိရပါတယ်။ DVB

No comments:

Post a Comment