ဒေါ်နယ်ထရမ့်ရဲ့ ဒေါ်လာသန်းတစ်ထောင် တောင်းဆိုမှု တောင်ကိုရီးယား ငြင်
း
အမေရိကန်က တောင်ကိုရီးယားအတွက် ဆောင်ရွက်ပေးတဲ့ THADD ဒုံးကျည်ကာကွယ်ရေးစနစ် အတွက် ဒေါ်လာသန်းတစ်ထောင် ပေးသင့်တယ်ဆိုတဲ့ သမ္မတ ထရမ့်ရဲ့ ပြောဆိုချက်ကို တောင်ကိုရီးယားက ဒီနေ့ ငြင်းဆိုလိုက်ပါတယ်။
အမေရိကန်နဲ့ တောင်ကိုရီးယား သဘောတူထားတဲ့အတိုင်းဆိုရင် ဒီအစီအစဉ်အတွက် တောင်ကိုရီးယားက အခြေခံအဆောက်အဦတွေနဲ့ နေရာပေးမှာဖြစ်ပြီး၊ ဒုံးကျည်တွေ သယ်ယူပို့ဆောင်နေရာချထားရေးနဲ့ လုပ်ငန်းလည်ပတ်ရေးအတွက် အမေရိကန်က ကုန်ကျစရိတ် ကျခံရမှာဖြစ်တာကြောင့် ဒီသဘောတူစာချုပ်အရ အပြောင်းအလဲမရှိဘူးလို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာဖေါ်ပြထားပါတယ်။
အမေရိကန်နဲ့ တောင်ကိုရီးယားဟာ ၁၉၅ဝ-၅၃ ကိုရီးယားကျွန်းစွယ် စစ်ပွဲကာလကစလို့ လုံခြုံရေးဆိုင်ရာ မဟာမိတ်တွေဖြစ်ခဲ့ပြီး၊ အမေရိကန်စစ်သား ၂ သောင်း ၈ ထောင်ကျော်ကို တောင်ကိုရီးယား ပို့ထားပါတယ်။ RFA
Subscribe to:
Post Comments (Atom)
No comments:
Post a Comment