ဥပဒေပုဒ်မ ၁၃ (၁) နဲ့ မြို့နယ် တရားရုံးမှာ တရားထပ်စွဲခဲ့တာပါ။
တရားလွှတ်တော်ရှေ့ နေ ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ အသက် (၅၃) နှစ်အရွယ် သေနတ်သမား ကြည်လင်းကို အရင်တုန်းက စွဲဆိုထားတဲ့ ပုဒ်မတွေအပြင် လူဝင်မှုကြီးကြပ်ရေးအက် ဥပဒေပုဒ်မ ၁၃ (၁) နဲ့ မြို့နယ် တရားရုံးကို တရားစွဲဆို တင်ပို့ခဲ့တယ်လို့ သိရပါတယ်။
လုပ်ကြံမှုကျူးလွန်ခဲ့တဲ့ သေနတ်သမားကြည်လင်းက ၂၀၁၆ စက်တင်ဘာ ၁၅ ရက်က မြ၀တီ အပြည်ပြည်ဆိုင်ရာနယ် စပ်ထွက်ပေါက်ကနေ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကို တရားဝင် TBP ပြု လုပ်ပြီးထွက်ခွာခဲ့ပေမယ့် နယ်စပ်ဝင်ပေါက်ကနေ ပြန်မ၀င်လာလို့ လ၀က ဥပဒေနဲ့ အရေးယူခဲ့တယ်လို့ မင်္ဂလာဒုံမြို့နယ်ရဲတပ်ဖွဲ့ကနေ သိရပါတယ်။
သေနတ်သမားကြည်လင်းကို မင်္ဂလာဒုံမြို့နယ်၊ လူဝင်မှုကြီး ကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန ဦးစီးမှူးရုံးက တရားလိုပြုကာ ဧပြီ ၂၆ ရက်က တရားစွဲဆိုခဲ့ပြီး ရာကြီးအမှုအမှတ် ၄၄၇/၂၀၁၇ နဲ့ မင်္ဂလာဒုံမြို့နယ်တရားသူကြီးရုံးက လက်ခံစစ်ဆေးနေတယ်လို့ မင်္ဂလာဒုံမြို့နယ်ရဲတပ်ဖွဲ့ထံကနေသိရပါတယ်။
မင်္ဂလာဒုံမြို့နယ်တရားရုံးတွင် လ၀ကဥပဒေနဲ့ ထပ်မံတရားစွဲဆိုခံရတဲ့ သေနတ်သမားကြည်လင်းက မြောက်ပိုင်းခရိုင်တရားရုံးမှာ လူသတ်မှု ပုဒ်မ ၃၀၂ အပြင် လက်နက်ဥပဒေပုဒ်မဖြင့် တရားရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။
ဒီချုပ် NLD ပါတီ ဥပဒေအကြံပေးတရားလွှတ်တော်ရှေ့နေ ဦးကိုနီက အင်ဒိုနီးရှားသမ္မတနိုင်ငံမှာ ကျင်းပတဲ့ Senior Leadership Program လေ့လာရေးခရီးစဉ်ကနေ ပြန်လာတုန်း ဇန်န၀ါရီ ၂၉ ရက် ညနေ ၅ နာရီလောက်က ရန်ကုန်လေဆိပ်မှာ လုပ်ကြံသတ်ဖြတ်တာ ခံခဲ့ရတာပါ။
Source : 7DayDaily
No comments:
Post a Comment