Latest News

Friday, April 28, 2017

ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရသည့်အမှုတွင် အမှန်တရား ပေါ်ပေါက်ရေး အတွက် တရားခံများအားလုံး ဖမ်းစီးရမိရန် အရေးကြီးသည်ဟု တရားလိုရှေ့နေ ပြောကြား

ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရသည့်အမှုတွင် အမှန်တရား ပေါ်ပေါက်ရေး အတွက် တရားခံများအားလုံး ဖမ်းစီးရမိရန် အရေးကြီးသည်ဟု တရားလိုရှေ့နေ ပြောကြား

ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရသည့် အမှုတွင် အမှုမြန်ရေးထက် အမှန် တရား ပေါ်ပေါက်ရေးအတွက် တရားခံများ အားလုံးဖမ်းစီးရမိရန် ပိုအရေးကြီးသည်ဟု တရားလိုရှေ့နေ ဦးနေလ က The Ladies News သို့ ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်၏ အမှုတွဲ တောင်းခေါ်မှုအရ မြောက်ပိုင်းခရိုင် တရားရုံးမှ ပေးပို့ထားသည့် ရာဇ၀တ်ဆိုင်ရာ ပြင်ဆင်မှု အမှတ် ၁၂၀/၂၀၁၇ ကို တိုင်းရားရုံးက ကြားနာမှုအပြီးတွင် ၄င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

`အမှုမြန်ရေးက အဓိကကျသလား၊ အမှန်တရား ပေါ်ပေါက်ရေးအတွက် တရားခံတွေစုံဖို့က အရေးကြီး သလားဆိုရင် အမှုမြန်ရေးထက် တရားခံတွေ အားလုံးစုံဖို့က ပိုအရေးကြီးတယ်။ အခုတရားခံက ငါးယောက်၊ နောက် ဒီထက် ပိုရင်လည်း ပိုလာမှာပေါ့။ ဘယ်သိမှာလဲ၊ ကွင်းဆက်တွေ စစ်တဲ့အခါကျလို့ရှိရင်။ ဒါကြောင့် အမှုမှာ အမှန်တရား ပေါ်ပေါက်ရေးအတွက် ပြည်စုံစွာ စစ်ဆေးဖို့လိုတယ်။ ဒါကြောင့် တရားခံပြေးမိရေး အတွက် အားထုတ်ဖို့က တရားရုံးမှာ တာဝန်ရှိတယ်` ဟု ဦးနေလက ပြောသည်။

ဧပြီ ၂၈ ရက် (ယနေ့) ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင် ရာဇ၀တ်ဆိုင်ရာ ပြင်ဆင်မှုအမှတ် ၁၂၀/၂၀၁၇ ကို ကြားနာရာတွင် နေပြည်တော်ရှိ ပရဆေးဥယျာဉ်အနီးတွင် ပျောက်ဆုံးသွားသူ (အောင်ဝင်းခိုင်) အား ဖမ်းဝရမ်းအသစ် တစ်စောင် ထပ်ထုတ်ပေးရန်နှင့် တရားခံပြေးကိစ္စကို စစ်ဆေးသည့်အခါ မြောက်ပိုင်းခရိုင် တရားရုံး၏ လုပ်ထုံးလုပ်နည်း အားနည်းချက်များကို ပြင်ဆင်မှု တင်သွင်းရန် ကြားနာခဲ့ခြင်းဖြစ်ပြီး အမိန့်ချမည့် ရက်ကို မသိရသေးကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

`ကြားနာတဲ့အပိုင်းက အချက်နှစ်ချက်အပ်ါမှာ အခြေခံပြီး ပြင်ဆင်သွာ; တယ်။ နေပြည်တော် ပရဆေးဥယျာဉ်နားမှာ ပျောက်ဆုံးသွားတဲ့သူကို ဖမ်းဝရမ်း အသစ်တစ်စောင် ထုတ်ပေးဖို့ လျှောက်တဲ့ကိစ္စရယ်။ တရားရုံးက တရားခံပြေးကိစ္စကို စစ်ဆေးတဲ့အခါမှာ လုပ်ထုံး လုပ်နည်း အားဖြင့် အားနည်းမှုရှိတဲ့ အပိုင်းရယ် အဲဒီအချက် နှစ်ချက်ကို အခြေ ခံပြီး ပြင်ဆင်မှု တင်သွင်းတာဖြစ်ပါတယ်။ မြောက်ပိုင်းခရိုင် တရားရုံက တရားခံပြေးအမှုကို စစ်ဆေးတဲ့အခါမှာ အားနည်းမှုရှိတယ်၊ ပထမ အားနည်းမှုက အမှန်တကယ် ပျောက်ဆုံးသွားတဲ့ နေရာကို ဖမ်းဝရမ်း မထုတ်ပေးတာရယ်၊ နောက်တစ်ခုက အမှုစစ်ဆေးတဲ့အခါမှာ လိုအပ်တဲ့ စာရွက်စာတမ်းတွေ အားလုံးကို သိမ်းဆည်းခြင်း မပြုတဲ့အပိုင်းရယ်၊ အဲဒီအပိုင်းနှစ်ပိုင်းကို အခြခံပြီးပြောတာပါ။ လျှောက်လွဲချက်ပေါ်မှာ အခြေခံပြီး အမိန့်ချမှာပါ။ ဘယ်တော့ အမိန့်ချမယ် ဆိုတာကတော့ ကြိုမသိရဘူး`ဟု ဦးနေလက ပြောသည်။

ဧပြီလ ၁၀ ရက် နေပြည်တော်တွင် ပြုလုပ်ခဲ့သော အစိုးရ၏ တစ်နှစ်တာ ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သတ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ရဲချုပ်ဇော်ဝင်းက ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရသည့် အမှုတွင် ထွက်ပြေး လွတ်မြောက်နေသော တရားခံပြေး အောင်ဝင်းခိုင်အား ဖမ်းစီးရမိရေး အတွက် ၄င်း၏ ဓာတ်ပုံနှင့် နောက်ကြောင်းစာများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ စုံစမ်းဖမ်းဆီးနိုင်ရန် ပေးပို့ထားကြောင်း ပြောကြား ခဲ့သည်။

အောင်ရဲနောင်
The Ladies News

No comments:

Post a Comment