Latest News

Tuesday, April 11, 2017

ရန်ကုန်မှာပဲဖျော်ဖြေကြမယ့် အမေများအဖွဲ့

ရန်ကုန်မှာပဲဖျော်ဖြေကြမယ့် အမေများအဖွဲ့

ယခုနှစ် သင်္ကြန်ကာလ တွင် မြို့တိုင်း၌ မဏ္ဍပ်နည်းသော ကြောင့် ရန်ကုန်မြို့တွင်သာ ဖျော် ဖြေမည်ဟု အမေများအဖွဲ့ခေါင်း ဆောင် မင်းသမီးကြီး ဒေါ်နွဲ့နွဲ့စန်းက ပြောသည်။

‘‘ခါတိုင်းဆို ရန်ကုန်မှာ အ ကြိုကို ကတယ်။ အကျဆို နေ ပြည်တော်ကို သွားတယ်။ နေ ပြည်တော်မှာလည်း မဏ္ဍပ်မရှိ ဘူးဆိုတော့ သွားလို့မရဘူး။ နောက်ပြီး မန္တလေးသွားတော့ လည်း မဏ္ဍပ်က လေး၊ ငါးခုနဲ့ မဖြစ်နိုင်ဘူးလေ။ စားစရိတ်တွေ တည်းခိုခန်းခတွေက ဈေးကြီး တယ်။ သွားရင် ရှုံးနေမှာစိုးလို့ ဘယ်မှ မသွားရဲဘူး’’ဟု ၎င်းပြော သည်။

ထို့ကြောင့် ယခုနှစ်သင်္ကြန် ကို ရန်ကုန်မြို့တွင်ရှိသည့် မဏ္ဍပ် များ၌သာ ကပြဖျော်ဖြေရန် အစီ အစဉ်ရှိသည်ဟု ဒေါ်နွဲ့နွဲ့စန်းက ဆိုသည်။

‘‘အမေတို့အဖွဲ့က (၂၄)နှစ် မြောက်သွားပြီ။ ရှေးတုန်းက လက်ကျန်ဆိုရင် အမေရယ်၊ ဒေါ်ခင်လေးဆွေရယ်၊ ဒေါ်ထိပ် တင်ထားရယ်၊ ဒေါ်ခင်မြင့်မြင့် ရယ် အဲဒီလောက်ပဲကျန်မယ်။ ကျန်တာအသစ်တွေချည်းပဲ’’ဟု အဖွဲ့အကြောင်းကို ဒေါ်နွဲ့နွဲ့စန်း က ပြောသည်။

လက်ရှိတွင် ၎င်းတို့အဖွဲ့၌ ကပြသူ ၁၅ ဦးခန့်ရှိပြီး နှစ်စဉ် သင်္ကြန်သီချင်းအသစ်များနှင့်ဖျော် ဖြေသည့် အစဉ်အလာအတိုင်း ယခုနှစ်တွင်လည်း သီချင်းအသစ် များပါဝင်မည်ဟု ၎င်းက ဆိုသည်။

(7Day News)

No comments:

Post a Comment