Latest News

Tuesday, April 11, 2017

ရန်ကုန်သင်္ကြန် ဝေဖန်မူစတင်

ရန်ကုန်သင်္ကြန် ဝေဖန်မူစတင်

ဒီနေ့ ရေးနေတဲ့ ပိုစ့်တွေဟာ ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင်ကတည်းက ရေးဖို့ ခေါင်းထဲစီထားတဲ့ စာတွေ. . .
ဘယ်လိုအမြင်မျိုးပဲ ကွဲလွဲ ကွဲလွဲ
ကိုယ့်ကြောင့် ဘာအနှောက်အယှက်မှ မဖြစ်စေချင်တာ
စေတနာအမှန်. . .
အုတ်တစ်ချပ် သဲတစ်ပွင့်ဆိုတဲ့နေရာမှာ
ထမင်းထဲရောက်တဲ့ သဲတစ်ပွင့်တော့ မဖြစ်ချင်. . .
ဘယ်သူတွေ ဘာပြောပြော
လုပ်သင့်ပြောသင့်တဲ့အချိန်ရောက်တယ် ယူဆရင် ရေးပါတယ်။

ဒါကိုပဲ ပူးသတ်လို့ ပြောသည်ဖြစ်စေ
ပါးစပ်ပိတ်နေတယ် မြင်သည်ဖြစ်စေ
တစ်ပြားသားမှ ဂရုမစိုက်ပါ။

ရန်ကုန်သင်္ကြန်ကိစ္စလေး ဝေဖန်ချင်ပါတယ်။
စောက်ရမ်း Bull Shit ကျတဲ့ စီမံခန့်ခွဲမှုပါ။
အခုအချိန်မှ ဘာလို့ကပ်ပြောလဲဆိုတော့ အစကပြောလည်း ဂရုစိုက်မှာမှ မဟုတ်တာ. . . .
မျိုသိပ်ထားပါသေးတယ်
အခု သင်္ကြန်ရောက်ဖို့ တစ်ရက်နှစ်ရက်အလို ရန်ကုန်သင်္ကြန်ရဲ့ အနိဌာရုံကို စိတ်ပျက်ဖွယ်ခံစားရလို့ ရေးပါတယ်။

ပြီးခဲ့တဲ့နှစ် အစိုးရသစ်ဟာ ဧပြီ ၁ရက်နေ့မှာ
စတက်ပါတယ်။
သင်္ကြန်က ၁၃ရက်နေ့ကျပါမယ်။
၁၂ရက်အတွင်း အစိုးရတာဝန်အပြောင်းအလဲနဲ့ ဒီသင်္ကြန်ပွဲတော်ကို Manage လုပ်ဖို့ ဘယ်လိုမှ မမှီပါ။
စီးပွားဖြစ်မဏ္ဍပ်တွေ ပိတ်ပါတယ်။
လက်ခံပါတယ်. . . . ပြည်သူအများစု လက်ခံကြပါတယ်။
မဏ္ဍပ်ထိုးတဲ့ အသိုင်းအဝိုင်းကလူအချို့တဝက်က လွဲရင်
အတော်များများ ထောက်ခံကြပါတယ်။
သင်္ကြန်လို မြန်မာနိုင်ငံရဲ့ အကြီးဆုံးပွဲတော်ကို လုံခြုံရေးအရ အစိုးရသစ်ရဲ့ မလုပ်မဖြစ် လုပ်ရတဲ့ ပိတ်ဆို့မှုလို့ ခံယူပါတယ်။
အိမ်ရှေ့ အုန်းလက်လေးတွေနဲ့ မဏ္ဍပ်ဆောက်ပြီး ပျော်ကြပါတယ်။

ဒီနှစ်လည်း ပိတ်ပါသတဲ့. . .
ကြားထဲမှာ စီမံခန့်ခွဲချိန် တစ်နှစ်ရပါတယ်။
တာဝန်မယူနိုင်တာလား တာဝန်မယူတတ်တာလား မေးခွန်းထုတ်သင့်တဲ့ လုပ်ရပ်ပါ။
မလုပ်တတ်ရင် လုပ်တတ်သူတွေ လုပ်ပါစေ
အားနေ ဟိုဟာပိတ် ဒီဟာပိတ်ဆိုတာ အဖြေမဟုတ်ပါ
ပြည်သူဟာ အစမ်းသပ်ခံမဟုတ်ပါ။

သင်္ကြန်မဏ္ဍပ်မထိုးရလို့ ဘာဖြစ်သလဲ မမေးပါနဲ့. . .
ထိုင်တွက်ပြရင် တစ်ထောင့်တစ်ညပုံပြင် ဖြစ်မယ်။
အနုပညာသမားတွေကအစ ဆောက်လုပ်ရေးလုပ်သားတွေ
ရေပိုက်သမားတွေ သစ်ဆိုင်တွေအလယ် အဝတ်အထည်ရောင်းသူတွေအပါအဝင်
အစားအသောက်ရောင်းသူတွေ အပါအဝင်
ရေသန့်ဘူးကောက်သူအဆုံး ထိပါတယ်။
ရေပက်ခံကားတွေ Taxi သမားတွေ ထည့်မပြောသေးဘူး။
ရေပိုက်သမားတွေ ဒစ္စကိုမီးသမားတွေအကြောင်း ထည့်မပြောသေးဘူး။

ဒီကြားထဲ အကျင့်ယုတ်အရွဲ့တိုက်ပြီး ခရိုနီတွေ မဏ္ဍပ်မထိုးတော့ပါ။
ခရိုနီတွေဆီက ပြည်သူတွေဆီ စီးဆင်းမယ့်ပိုက်ဆံ မစီးဆင်းတော့ဘူး။

ခါတိုင်း ရန်ကုန်တစ်မြို့လုံး မဏ္ဍပ် သုံးရာလောက်ရှိပါတယ်။
အခု တစ်မြို့လုံးကိုမှ သုံးဆယ်မပြည့်ပါ။
ဘာဖြစ်သလဲ မဏ္ဍပ်တွေ ဈေးတက်ပါတယ်။
VIP ကို ၁၂သိန်းထိ ဈေးပေါက်ပါတယ်။
ခါတိုင်း လေးငါးသောင်းနဲ့ ပျော်ခွင့်ရတဲ့ လူငယ်တွေ သိန်းဂဏန်းမရှိရင် အနားသီလို့မရတော့ဘူး။

လူငယ်တွေဆိုလို့ လူငယ်တွေကိစ္စ ပြောရဦးမယ်။
လူငယ်တွေ မဏ္ဍပ်ထိုင်တဲ့ ကိစ္စကို လူကြီးတွေ မကြိုက်ချင်ကြဘူး။
ဒါကလည်း ဖြစ်ရိုးဖြစ်စဉ်
ခေတ်အဆက်ဆက် လူကြီးနဲ့ လူငယ်ကြားက Conflict.
ဒါဟာ ပြသနာမဟုတ်ဘူး။
ပြသနာက တိုင်းပြည်အုပ်ချုပ်တဲ့ အုပ်ချုပ်ရေးပိုင်းဟာ လူကြီးတွေနေရာက စဉ်းစားပြီး လူငယ်တွေရဲ့ အခန်းကဏ္ဍကို အာဏာပါဝါနဲ့ ဝင်စွက်ဖက်ရင် လူငယ်တွေရဲ့ အမုန်းကိုပဲ ရလိမ့်မယ်။
၁၈နှစ်ပြည့်ပြီးတာနဲ့ မဲဆန္ဒရှင်ဖြစ်ပြီရယ်
ဂရုမစိုက်ဘူးဆိုရင်လည်း လုပ်ပေါ့. .
ရှင်တို့က ရဲတွေပဲ။

ခေတ်ဟာ ရွေ့နေတယ်
ဒါဟာ ဘယ်လိုမှ ငြင်းလို့မရတဲ့ အမှန်တရား။
ခေတ်အရွေ့ကို မလိုက်နိုင်သည့်တိုင်
နောက်ပြန်ဆွဲခြင်းဟာ အလုပ်မဖြစ်ဘူး။
သပြေခက်နဲ့ ရေပက်တဲ့ ခေတ်ကို ပြန်သွားဖို့တွေးနေရင် မှန်ကြည့်ပြီးသာ စောက်ရူးခြောက်ခါ အော်လိုက်ပါ။

မဏ္ဍပ်တွေပေါ်က သရုပ်ပျက် ဝတ်စားဆင်ယင်မှု၊ Sex တွေ Drug တွေသည် ထိန်းကို ထိန်းချုပ်ရမယ့် အပိုင်းပါ။
ဒါကို မှန်တယ်လို့ ဆိုလိုနေခြင်းမဟုတ်ပါဘူး
ထပ်ပြောပါမယ်
ဒါတွေကို လုံးဝမထောက်ခံပါဘူး။
ဒါတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတဲ့ အဖြေကို မရှာဘဲ (တနည်းအားဖြင့်) ကြိုးစားအားထုတ်ခြင်းမပြုဘဲ ပိတ်ဆို့ပစ်ခြင်းကို အဖြေလို့ ထင်ခြင်းဟာ
အတော်လေးကို မြေမြှုပ်ပစ်သင့်တဲ့ အရည်အချင်းပါပဲ။

နည်းနည်း ထပ်ပြီး ကြီးကြီးကျယ်ကျယ်ပြောရရင် ကိုယ့်နိုင်ငံရဲ့ ရိုးရာအဖြစ် ကမ္ဘာသိပြီးသား ပွဲတော်ကြီးတစ်ခုဆီကနေ နိုင်ငံခြားဝင်ငွေ ဘယ်လိုရှာမယ် ဘယ်လိုဆွဲဆောင်မယ်ဆိုတာမျိုးကို တိုင်းပြည်စီးပွားရေးကျနေချိန်မှာ ပိုမို မလုပ်ဆောင်ဘဲ
ရှိရင်းစွဲသင်္ကြန်ကို ပိုမိုခြောက်ကပ်အောင် လုပ်ဆောင်နေခြင်းဟာ ဘယ်လောက်ထိ မှန်ကန်သလဲ ပြန်သတိဝင်စေချင်ပါပြီ။

အခုဆို မြန်မာနိုင်ငံက ယဉ်ကျေးမှုကို ပုံတူကူးချတဲ့ ထိုင်းသင်္ကြန်ဟာ ဘယ်လောက်စည်ကားနေသလဲ
ဘယ်လောက်ဝင်ငွေရနေသလဲ လေ့လာစေချင်ပါတယ်။
အခုဆို အချို့နိုင်ငံခြားသားတွေက သင်္ကြန်ကို မြန်မာ့ရိုးရာလို့မသိဘဲ ထိုင်းရိုးရာလို့တောင် ထင်နေကြအောင် သူများနိုင်ငံတွေက လက်သွက်ပါတယ်။
ဒီမှာတော့ ဝါးလုံးခေါင်းထဲ လသာပြီး
မျက်လုံးစုံမှတ်အော်နေတုန်း
ပြောပြန်ရင် ကိုယ့်အလွန်ဖြစ်မယ်။

ယခုနှစ်အတွက် ရည်ရွယ်ပြီး ပြောဆိုနေတာမဟုတ်
နောက်နှစ်နောက်နှစ်တွေမှာ အခါသင်္ကြန်ကို ခေတ်နဲ့အညီ စည်ကားပျော်ရွှင်ဖို့ Master Plan လေးများ ကြိုတွေးထားကြရင် သိပ်ကောင်းမှာပဲ။

တစ်စိတ်ရှိ ကိုယ်မစီမံနိုင်တာနဲ့
ဟိုဟာပိတ်စမ်း ဒီဟာပိတ်စမ်းဆိုလို့ကတော့
HA HA ပဲ ရမယ် ဘဒို
HA HA ပဲ ရမယ် . . .
:/
(ပန်ဆယ်လို)

No comments:

Post a Comment