Latest News

Saturday, April 29, 2017

ပရီးမီးယားလိဂ်ပြိုင်ပွဲကနေ တန်းဆင်းသွားတဲ့ ဆန်းဒါးလန်း အသင်း

ပရီးမီးယားလိဂ်ပြိုင်ပွဲကနေ တန်းဆင်းသွားတဲ့ ဆန်းဒါးလန်း အသင်း


ဆန်းဒါးလန်း အသင်းဟာ ဒီနေ့ ညပိုင်းက ကစားခဲ့တဲ့ ဘုန်းမောက်အသင်းနဲ့ ပွဲစဉ်မှာ တစ်ဂိုး -ဂိုးမရှိနဲ့ အရေးနိမ့်သွားခဲ့တဲ့ အတွက် ပရီးမီးယားလိဂ် ပြိုင်ပွဲပြီးဆုံးဖို့ (၄)ပွဲအလိုမှာ ချန်ပီယံရှစ် ကို တန်းဆင်းသွားခဲ့ပြီဖြစ်ပါတယ်။ဆန်းဒါးလန်း အသင်းဟာ ပြိုင်ပွဲပြီးဆုံးဖို့ (၄)ပွဲအလိုမှာ အဆင့်(၁၇)နေရာမှာ ရပ်တည်နေတဲ့ ဟူးလ်စီးတီး အသင်းနဲ့ (၁၃)မှတ်ကွာဟသွားတဲ့အတွက် တန်းဆင်းခဲ့တာဖြစ်ပါတယ်။အဲဒါကြောင့် ဆန်းဒါးလန်း အသင်းဟာ အခုနှစ်ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲက ပထမဆုံးတန်းဆင်းတဲ့ အသင်းဖြစ်လာခဲ့ပါတယ်။ဆန်းဒါးလန်း အသင်းရဲ့ မြို့ ခံပြိုင်ဘက် နယူးကာဆယ် အသင်းကတော့ ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ပြန်လည်တန်းတက်ခွင့်ရခဲ့ပြီဖြစ်ပါတယ်။

5Plus News

No comments:

Post a Comment