ကျပ်သန်းသုံးထောင်ကျော် ဇူလိုင်လမကုန်မီ ပြန်ပေးမည်ဟု ဦးဘုန်းမော်ရွှေပြော
ရန်ကုန်၊ ဧပြီ ၂၈
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေသည် ၎င်းဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ် ဖြစ်ပွားခဲ့သော ငွေကြေးအရှုပ်တော်ပုံမှ ကျပ်သန်းသုံးထောင်ကျော်ကို ၂၀၁၇ ခုနှစ် ဇူလိုင်လမကုန်မီ ပြန်ပေးမည်ဖြစ်ကြောင်း လက်ရှိ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုထံ အကြောင်းကြားလိုက်သည်။
နိုင်ငံတော်သမ္မတရုံး၏ ရည်ညွှန်းချက်ပါ အကြောင်းကြားစာတွင် ဖော်ပြထားသည့် ငွေနှင့် ပစ္စည်းများ ပေးသွင်းခြင်းကိစ္စ ဟူသော စာတစ်စောင်ကို ဧပြီလ ၂၇ ရက်နေ့စွဲဖြင့် ဒေါက်တာအောင်မိုးညိုထံသို့ ပေးပို့ရာတွင် အထက်ပါငွေများ ပြန်ပေးမည့် အစီအစဉ်ကို ထည့်သွင်းဖော်ပြထားခြင်း ဖြစ်သည်။
ငွေကျပ်သန်းတစ်ထောင့်ခုနှစ်ရာကို ၂၀၁၇ ခုနှစ် ဇူလိုင်လ နောက်ဆုံးပတ်မတိုင်မီ တိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ ပေးသွင်းသွားမည် ဖြစ်ပါသည်ဟု ဦးဘုန်းမော်ရွှေ လက်မှတ်ရေးထိုး ပေးပို့သော စာတွင် ဖော်ပြထားသည်။
ရွှေသုခ အသေးစား ငွေရေးကြေးရေး လုပ်ငန်းသို့ လွှဲပြောင်းပေးခဲ့သည့် ငွေကျပ် သန်းတစ်ထောင့်ငါးရာကျော်အနက် သိန်းငါးထောင်ကို မေလပထမပတ်တွင် ပထမအရစ် အနေဖြင့် ပေးအပ်မည်ဖြစ်ပြီး ကျန်ငွေများကို ဇူလိုင်လ နောက်ဆုံးပတ်မတိုင်မီ ပေးသွင်းမည်ဟုလည်း ဖော်ပြထားသည်။
သမ္မတရုံး ညွှန်ကြားစာတွင် ပါရှိသည့် ပစ္စည်းများကိုမူ ဧပြီလ ၃၀ ရက်နေ့ နောက်ဆုံးထားက တိုင်းဒေသကြီးအစိုးရသို့ ပြန်လည်လွှဲပြောင်းပေးအပ်မည် ဖြစ်ကြောင်း ဆက်လက်ဖော်ပြထားသည်။ အဆိုပါ အကြောင်းကြားစာကို ရွှေသုခလုပ်ငန်း ဥက္ကဋ္ဌ ဦးကြည်ထွန်းကလည်း လက်မှတ်ရေးထိုးထားသည်။
The Voice
Subscribe to:
Post Comments (Atom)
No comments:
Post a Comment