မန်းရွှေစက်တော်ဘုရားကြီး တောင်ကျချောင်းရေများဝင်ရောက်သော်လည်း စိုးရိမ်ဖွယ်မရှိ
မင်းဘူး ဧပြီ ၁၆
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားကြီး ပါဒခြေတော်ရာ နှစ်ဆူပိတ်ပွဲအား ဧပြီ ၁၈ ရက် (မြန်မာနှစ်ဆန်းနှစ်ရက်)တွင် ကျင်းပမည်ဖြစ်ပြီး ဈေးဆိုင်ခန်းများနှင့် တည်းခိုဆောင်များကို ဧပြီ ၂၃ ရက်အထိ ဆက်လက်ဖွင့်ပေးထားမည်ဖြစ်၍ ဘုရားဖူးပြည်သူ များလာရောက်အပန်းဖြေနိုင်ကြောင်း ဂေါပကအဖွဲ့က ကြေညာချက် ထုတ်ထားခဲ့သည်။
ယခုဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း''မာရသာ''၏ အရှိန်ကြောင့် မကွေးတိုင်းဒေသကြီးအတွင်း ဧပြီ ၁၅ ရက် ညပိုင်းမှစ၍ ၁၆ ရက်ထိ မိုးအဆက်မပြတ် ရွာသွန်းလျက်ရှိသဖြင့် မန်းချောင်းအတွင်းသို့ စီးဝင် မည့် တောင်ကျချောင်းရေများကြောင့် ရေကြီးမှုများ ဖြစ်ပေါ်လာနိုင် သဖြင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ မန်းရွှေစက်တော် ဂေါပကအဖွဲ့က ဘုရားဖူးဧည့်သည်များနှင့် ဈေးဆိုင်ခန်းများ၊ တည်းကျောင်းများကို ရွှေ့ပြောင်းကြရန် အသံချဲ့စက်များဖြင့် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရ သည်။
ယခုအချိန်တွင် ဘုရားဖူးဧည့်သည်များ၊ ဈေးဆိုင်ခန်းများ၊ တည်းကျောင်းများမှ လူများနှင့်ပစ္စည်းများကိုလည်း ဂေါပကအဖွဲ့က ကူညီမှုဖြင့် ဓမ္မာရုံများ၌ နေရာချထားပေးလျက်ရှိပြီး မော်တော်ယာဉ်အကူ အညီလိုအပ်သူများကိုလည်း မော်တော်ယာဉ်များဖြင့် ကူညီရွှေ့ပြောင်း ပေးခဲ့ကြောင်း ဂေါပကဥက္ကဋ္ဌထံမှ သိရသည်။
ညနေ ၄ နာရီတွင် မန်းချောင်းအတွင်း တောင်ကျချောင်းရေ များကြောင့် ယခင်ထက်ရေများ ပိုမိုစီးဝင်လာသည်မှအပ လူနှင့် ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုမရှိဘဲ ရေလွတ်ရာသို့ ပြောင်းရွှေ့နေရာချထား ပြီးဖြစ်၍ ချောင်းရေကြီးလာလျှင်လည်း စိုးရိမ်ဖွယ်ရာမရှိကြောင်း သိရသည်။
မေသူလွင်(မကွေးကိုယ်ပွား)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment