Latest News

Friday, April 14, 2017

တတိယကမ္ဘာစစ်နှင့် နိုင်ငံတကာ၏ ကံကြမ္မာ ( ၂၄ )နာရီအတွင်းအဖြေထွက်မည်

တတိယကမ္ဘာစစ်နှင့် နိုင်ငံတကာ၏ ကံကြမ္မာ ( ၂၄ )နာရီအတွင်းအဖြေထွက်မည်

မြောက်ကိုရီးယားစစ်ပွဲအတွက် ကြိုတင်ပြင်ဆင်နေပြီ။ ဧပြီ-၁၅ ကင်အီဆွန်း ၁၀၅-ကြိမ်မြောက်မွေးနေ့အခန်းအနား မပျက်မကွက်ပြုလုပ်မည်။ ညူစမ်းသပ်ခြင်းလည်းပြုလုပ်ရန်ရှိဟုဆို၊။ လေကြောင်းရန် အချက်ပေးသံများ နှင့်အတူ မြို့နေလူထု ဘေးလွတ်ရာရှောင်တိမ်း။ တတိယကမ္ဘာစစ်နှင့် နိုင်ငံတကာ၏ ကံကြမ္မာ ( ၂၄ )နာရီအတွင်းအဖြေထွက်မည်။ *********************************************************************
( ဧပြီ-၁၄၊ ၂၀၁၇ )  ကိုရီးယားကျွန်းဆွယ်စစ်ရေးတင်းမာမှု့အရေးအခင်းတွင် နိုင်ငံတကာစိတ်ဝင်စားလျှက်ရှိ သည်မှာ နံနက်ဖန် ၁၅-ဧပြီ (စနေနေ့တွင် ) မြောက်ကိုရီးယားနိုင်ငံ စစ်ရေးပြအခန်းအနား ကျင်းပဖြစ်/မဖြစ် သိလိုကြခြင်းဖြစ်သည်။ မြောက်ကိုရီးယားနိုင်ငံထူထောင်သူ ကင်အီဆွန်း ( လက်ရှိခေါင်းဆောင် ကင်ဂျုံအန်၏ အဖိုး ) မွေးနေ့အား“ သူရိယနေ့  “  Day of Sun အဖြစ်သတ်မှတ်ထားပြီး မြောက်ကိုရီးယားနိုင်ငံ၏နေ့ထူးနေ့ မြတ်ဖြစ်သည်။

မနက်ဖန်ကျရောက်မည့် ၁၀၅-ကြိမ်မြောက် သူရိယနေ့တွင် ယခင်အစီအစဉ်အရ ကြီးကျယ်ခန်းနားသော စစ်ရေးပြပွဲကြီးဖြင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်အား ချီတက်အလေးပြုကြရန်ရှိနေသည်။ ထို့အပြင် ဒုံးကျည်-ညူကလီယာလက်နက်တို့ကိုလည်းစမ်းသပ်ပစ်လွှတ်လေ့ရှိသည်။

ယခုတစ်ကြိမ်တွင်မူ မြောက်ကိုရီးယား၏ ( ၆ ) ကြိမ်မြောက် ညူကလီယာလက်နက် စမ်းသပ်ရန်ရှိနေပြီး ထိုသို့ ညူကလီယာစမ်းသပ်ခြင်းမျိုးကို တောင်ကိုရီးယား၊ ဂျပန်၊ အမေရိကန်သာမက တရုပ်နိုင်ငံကလည်းမနှစ်သက် ချေ။ အထူးသဖြင့် ဂျပန်နှင့်တောင်ကိုရီးယားတို့က ယခုပစ်လွှတ်မည့် ညူကလီယာလက်နက်ဆိုသည်မှာ ၄င်း တို့နိုင်ငံမြို့ကြီးများနှင့် အရေးကြီးအဆောက်အအုံများအား ချိန်ရွယ်ပစ်လိမ့်မည်ဟု ယုံကြည်ထားကြသည်။

ယခင်သတင်းများအားလုံး အကျဉ်းချုံရလျှင် မြောက်ကိုရီးယားကလည်း ညူလက်နက်စမ်သပ်မည်ဖြစ်ပြီး၊ အမေရိကန်ကလည်း ညူလက်နက်စတင်ကြောင်းသိလျှင် သိချင်းတိုက်ခိုက်မည်ဟုပြောဆိုထားပြီးဖြစ်သည်။ ယခုအခါတွင် အမေရိကန်၊တောင်ကိုရီးယားတပ်များအပြင် ဂျပန်ရေတပ်လည်းပူးပေါင်းပါဝင်မည်ဖြစ်ရာ အကယ်၍ မြောက်ကိုးရီးယားဘက်မှ တရုပ်/ရုရှားတို့ပါဝင်လာခဲ့လျှင် ကမ္ဘာစစ်ဖြစ်ရန်သေချာနေပါသည်။

ကျွန်တော်များ နိုင်ငံတကာ၏ ကံကြမ္မာအား ၂၄ နာရီအတွင်း အဖြေထွက်လာမည်ကို စောင့်ကြည့်ယုံသာရှိပါတော့သည်။
           
Htay Oung

http://www.dailystar.co.uk/news/latest-news/605537/north-korea-trump-china-war-kim-jong-un-nuclear-missiles

http://www.dailystar.co.uk/news/latest-news/605120/north-korea-war-america-kim-jongun-evacuation-pyongyang-donald-trump-missiles

http://www.dailystar.co.uk/news/latest-news/605556/Donald-Trump-President-Syria-US-ground-troops-war-WW3-Vladimir-Putin-Russia

No comments:

Post a Comment