ငှယ်
😜😜😜
👇👇👇👇👇👇👇👇
😂😂😂😂...
တစ်ရက် ဆယ်လီမတစ်ယောက် သေပြီးငရဲပြည်ရောက်ရော...
"ဟဲ့ ဟိုအရှေ့က မိန်းမကို ရှေ့တော်သွင်းစမ်း "
"ခနလေးကွီး ဆယ်ဖီလေး တစ်ပုံလောက်ဆွဲလိုက်အုန်းမယ် ..."
"ငင် ဟဲ့ ဒင်းက ငရဲပြည်အထိ ဘာကြီးပါလာတာတုန်း"
"မှန်ပါ့ ကင်မရာရိုက်ရင်းသေလို့ ဖုန်းပါ ပါလာရကြောင်းပါ"
"တယ်ခက်သကိုး "
"ဟဲ့နောက်မှရိုက် ခုရှေ့လာစမ်း"
"လာပြီလာပြီ တကတည်း ပရမ်းပတာတွေပါ"
"ဘာလည်းဟ ငါလို ငရဲမင်းကို မခန့်လေးစား "
"အကွီးကလည်း ခလွေးက ဆယ်လီကို"
"ဟယ် အကွီး ဆိုတာ ခလွေးဆိုတာ ဆယ်လီဆိုတာ
ဘာတွေတုန်းဟ "
"အကွီးဆိုတာ အကိုကြီးလို့ပြောသာ ခလွေးဆိုတာ
ကလေးလို့ပြောသာ ဆယ်လီဆိုတာ ဖွဘုတ်မှာ
နာမည်ကြီးတာပြောတာ ... အမလေး မောထာ "
"အော် အေး နင့်နာမည်ကဘယ်သူတုန်း"
"ဖြဘုတ္နာမည္လား အျပင္နာမည္လားအကြီး ရဲရဲ"
"လာပြန်ပြီ ဘာတွေပြောနေတာလည်းဟာ ...
ရူးချင်လာပြီ ... ဘာလည်းဖွဘုတ် ဘာလည်းရဲရဲ"
"ဟ ဖွဘုတ်ဆိုတာ ဖေ့စဖုတ် ရဲရဲဆိုတာ ကွီးငရဲမင်းကို
ချစ်စနိုးနဲ့ခေါ်တာ ရဲရဲလို့ ..."
"အော် ငါ့နှယ် ... နာမည်ပြောစမ်းပါဟ"
"Pinky Cuttie Barbie Lovely Baby တဲ့ ... "
"ဟင် နာမည်ကအရှည်ကြီးပဲ ... "
"အို့ ဒါတောင် အကောင့် 1 2 3 ကျန်သေး ..."
"အာ့ နင့်နာမည် အရင်းလား ..."
"နာမည်အရင်းက အေးသိန်း ..."
"တိန်"
"မတိန်နဲ့ ခလွေးကဆယ်လီဆိုတော့ ဒလိုဖဲ"
"နင်က ဘယ်လိုဆယ်လီဖြစ်တာတုန်း ..."
"အဟီး ဖွဘုတ်မှာ Live လွင့်တုန်း ထဘီကျွတ်ကျတာ
အာ့နဲ့ နာမည်ကြီးသွားရော ...
အာ့နဲ့ ထဘီရင်ရှားပုံလေးတွေတင်ရင်း နာမည်ကြီးသွားရော ...
အမယ် Like ထောင်ကျော်တယ် ကြည့်မလား ..."
"မကြည့်ပါဘူး နင်တို့ ဖွဘုတ်ဆိုတာလည်း မရှိဘူး ..."
"ဟ မရှိရင်ဖွင့်ပေးမယ်လေ ... မှန်းစမ်း ...
ဒါထက် ၀ိုင်ဖိုင်လေး ရှဲပါလား ..."
"ဟဲ့ ငရဲပြည် ၀ိုင်ဖိုင်ရှိမလား"
"မရှိရင် လူ့ပြည်ပြန်ပို့ ... ဘယ့်နှယ့် အိုင်တီခေတ်ကြီးမှာ
ငရဲပြည်ဖွင့်ထားပြီး ၀ိုင်ဖိုင်မရှိဘူးတဲ့ HaHa ပဲရမယ် ..."
"ငါနားမလည်လို့ပါဟာ လူလိုပြောပါလား ..."
"အေးသိန်းတဲ့နော် တစ်သိန်းပဲရှိတယ် ၀ိုင်ဖိုင်မပေးရင်
ခုလူ့ပြည်ပြန်ပို့ ... "
"လူ့ပြည်မှပြန်ပို့လို့မရတာ ငါငိုချင်လာပြီ ...
ဟဲ့ သူပြောတဲ့ဝိုင်ဖိုင် ဖန်ဆင်းပေးကြစမ်းပါ ..."
"လိုင်းက မြန်မာပြည်လိုကျရင် ကောက်ပြန်မာနော် ..."
"အေးပါ "
"အလဲ့ လိုင်းတက်ပြီ ... ငရဲမင်းကို အကောင့်ဖွင့်ပေးမယ် ...
အမယ် ငရဲမင်း နာမည်က ရှိပြီးသားတဲ့
အခြားဘာနာမည်ပေးရမလည်း ..."
"ဟင် ငါ့နာမည်ရှိတယ် ဟုတ်လား ..."
"ရှိပါ့ ငရဲ သိကြား နတ် အကုန်ရှိတယ် ဘာမှတ်လို့ ..."
"အင်း ကောင်းသလိုသာပေးလိုက်ပါဟာ ...
ပြီးရင် ငရဲခံဖို့သွားနော် လိမ်မာတယ် ..."
အော် ငရဲမင်းတောင် အချိုးကိုပြေလို့ ..
"အင်းပါ ခံပါ့မယ် ... ရပြီ Sexy ရဲရဲ လို့ပေးထားတယ် ...
မိုက်တယ်နော် အာ့မာ စမီးကို အပ်ပေးထားတယ် ...
Like ၀င်လုပ်နော် ... Real လေးတွေမန့်ဆိုဝင်မန့်နော်
HaHa Like ပေးရင် ဘော့မာနော် .... "
"အေးပါဟာ ... သွားပါတော့ ငရဲခံဖို့ ..."
"ဒါနဲ့ ငရဲကျနေတာလေး Live လွင့်ပေးပါလားဟင် ...
ဘေးနားက Feeling Hot ဆိုတာလေးပါထည့်ပေးနော် ...
မဟုတ်ရင် ပြန်မာ "
"အေးအေး လုပ်ပေးပါ့မယ် ဟ"ဆိုပြီး
နောက်နေ့ကစပြီး ငရဲမင်းမှာ အလုပ်တိုးလာတယ် ...
ဆယ်လီမငရဲခံတိုင်း အပြေး Live လွင့်ပေးရတယ် ...
Like လုပ်ပေးရတယ် ... ငရဲမင်းခမျာ မျက်ရည်ဝဲလို့ ....
နတ်သဘင်ရောက်တိုင်း တောင်းပန်တယ် ...
"ဆယ်လီဆို ဒီတစ်ယောက်နဲ့တော်ပါပြီ ကျန်တာတော့
နတ်ပြည်ဖြစ်ဖြစ်ပို့ပေးပါလို့ ".... ဆိုပြီးငိုမဲ့မဲ့နဲ့ဗျား
Credit ~OMG~
ဇင်ဇင့် နိုင်
Wednesday, April 12, 2017
ငှယ်
Reviewed by Ar Ti
on
11:39 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment