စစ်ပြင်
အမေရိကန် လေယာဉ် တင် သင်္ဘော ကားလ်ဗင်ဆင်ဟာ သူ့အုပ်စုနဲ့ အတူ ပစိဖိတ်သမုဒ္ဒရာထဲမှာ အင်အားပြဖို့ ထွက်ခွာပါပြီ.။ မူလခရီးစဉ်က သြစတြေလျားကို သွားမှာပါ..။ ပြုံယမ်း ဝါရှင်တန် ပြသနာ စပါပြီ..။ ဆီးရီးယားကို စပြီး ပစ်ခတ်တိုက်ခိုက်လို့ မှ မကြာသေးခင်မှာပဲ မြောက်ကိုရီးယားနဲ့ ရင်ဆိုင်ရပါဦးမယ်..။ မြောက်ကိုရီးယား ခေါင်းဆောာင်က ပြောတာကတော့ သမုဒ္ဒရာထဲမှာတင်မဟုတ် … အမေရိကန်ပြည်ထောင်စုအထိ လှမ်းပြီး ပစ်နိုင်တယ်လို့ ဆိုပါတယ်..။
အသက်ခပ်ငယ်ငယ် နိုင်ငံ့ခေါင်းဆောင် တစ်ယောက်ဟာ ဘယ်လိုတွေးမလဲ ဆိုတာကို ခန့်မှန်းရတာ ခက်ပါတယ်..။ ထရမ့်ပ် ဆိုတဲ့ လူကလဲ သူ့ဘဝမှာ အကြပ်အတည်း မျိုးစုံကို ရင်ဆိုင်ဖြေရှင်းလာသူ တစ်ယောက်ဖြစ်လို့ မြောက်ကိုရီးယား နဲ့ ဘယ်လိုရင်ဆိုင်မလဲဆိုတာ ပြင်ဆင်ပြီးသား ဖြစ်မှာပါ..။ ပင်တာဂွန်ဟာ မြောက်ကိုရီးယားကို စက္ကန့်မလပ် စောင့်ကြည့်နေတာဖြစ်လို့ ထောက်လှမ်းရေး အချက်အလက် တွေ ပြည့်စုံပြီးသား ဖြစ်ပါလိမ့်မယ်..။ ထရမ့်ကတော့ အမိန့်ပေးရမယ့် သူပါ..။
သူက တရုတ်ကိုလဲ အားကိုးချင်ပုံရတယ်..။ တရုတ်အကူအညီနဲ့ မြောက်ကိုရီးယားကို ငြိမ်အောင် လုပ်နိုင်ရင်လုပ်..။ မလုပ်နိုင်ရင်တော့ တိုက်ရလိမ့်မယ် ဆိုတဲ့ လေသံမျိုး ထွက်လာာပါတယ်..။ တရုတ်ကလဲ မြောက်ကိုရီးယားကို ဖျောင်းဖျ ဖို့ထက် သူ့ထဲကို ကျွံဝင်မလာအောင် တားဖို့ပဲ ပြင်ဆင်ထားပါတယ်.။
အမေရိကန် ရေတပ်ရဲ့ Nimitz-class အတန်းအစား ဖြစ်တဲ့ USS Carl Vinson ဟာ စင်္ကာပူကနေ သြစတြေးလျားကို သွားမယ့် ခရီးစဉ်ကို လမ်းကြောင်းပြောင်းလိုက်ပြီး ပစိဖိတ်သမုဒ္ဒရာဆီကို ဦးတည်လိုက်ပါပြီ..။ ညူကလီးယား စွမ်းအင်သုံး လေယာဉ်တင် သင်္ဘောဖြစ်ပြီး တစ်နာရီကို ရေမိုင် ၃၀ကျော် မောင်းနိုင်ပါတယ်..။ သူ့အပေါ်မှာ တိုက်လေယာဉ် ၆၀ ကျော်ပါ ပါတယ်..။ စစ်သည် ၆၅၀၀ တင်ဆောင်ထားပါတယ်..။ သူ့အုပ်စုထဲမှာ နောက်ထပ် သင်္ဘော သုံးစင်းပါပါသေးတယ်..။ USS Lake Champlain ဆိုတဲ့ ခရူဇာ သင်္ဘော ရယ်.. USS Wayne E.Meyer နဲ့ USS Michael Murphy ဆိုတဲ့ ဖျက်သင်္ဘော နှစ်စင်းရယ် က ဝန်းရံ လိုက်ပါနေပါတယ်..။ အဲဒီ သင်္ဘောတွေဟာ ပဲ့ထိန်း လမ်းညွှန် ဒုံးကျည် တင် သင်္ဘောတွေ ဖြစ်ကြါပါတယ်..။
Nimitz- class ဆိုတဲ့ အဆင့်မှာ ရှိတဲ့ ရေယဉ်တွေရဲ့ စွမ်းပကားကတော့
သူတို့မှာ F/A 18 Hornet အမျိုးအစားတိုက်လေယာဉ် ၅၅ စင်း EA 18 Growler ၄စင်း .. H- 60 Seahawk ရဟတ်ယာဉ် ၆စင်း.. E 2 C/D Hawkeye နှစ်စင်း တို့ ဖြစ်ကြပါတယ်.။ တိုက်လေယာဉ်တွေဟာ ဒုံးကျည်တင် တိုက်လေယာဉ်တွေ ဖြစ်ကြပြီး သင်္ဘောတွေပေါ်မှာ တိုမာဟော့ခ် ဒုံးလိမ္မာ တွေ အပြင် ၅လက်မ/၅၄ ကယ်လီဘာ သေနတ်ကြီးတွေလဲ တပ်ဆင်ထားပါတယ်..။
အမေရိကန်ဟာ မြောက်ကိုရီးယားနဲ့ ရင်ဆိုင်ရာမှာ သူ့တစ်ဦး တစ်ယောက်ထဲ ရဲ့ အရေးကိစ္စ အဖြစ် သဘောထားလို့ မရပါဘူး.။ တောင်ကိုရီးယား နဲ့ ဂျပန် ကို ကာကွယ်ပေးဖို့ကလဲ အမေရိကန်ရဲ့ တာဝန်သာ ဖြစ်ပါတယ်..။ စစ်ပွဲကို ဦးတည်နေတယ် ဆိုပေမယ့်လဲ ဖြေရှင်းလို့ ရနိုင်မယ့် နည်းလမ်းတွေကလဲ တစ်ဖက်မှာ ရှိနေပါတယ်..။ ဒါကြောင့် စောင့် ကြည့် ကြ ပါ ဦးစို့..လား ဗျာ..။
ချစ်ခင်စွာဖြင့်
ကောင်းလွန်း (၁၃.၄.၂၀၁၇)
Wednesday, April 12, 2017
စစ်ပြင်
Reviewed by Ar Ti
on
2:04 PM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment