Latest News

Saturday, April 29, 2017

ဇနီးဟောင်းကစလိုက်တဲ့ အောင်လတို့ ပြဿနာ

ဇနီးဟောင်းကစလိုက်တဲ့ အောင်လတို့ ပြဿနာ


အဆိုတော်အောင်လက ဇနီးဟောင်း မိုးငယ်စံနဲ့ကွဲပြီး သူရဲ့
ငယ်ချစ်ဟောင်း ဖြစ်တဲ့ အဆိုတော်သရုပ်ဆောင် ဝိုင်းစုခိုင်သိန်းနဲ့
 အတည်တကျ တွဲနေကြောင်း သူကိုယ်ပိုင် Facebook စာမျက်နှာများတွင်သာမက သတင်းမီဒီယာများမှာလည်းဖော်ပြခဲ့ပါတယ်။
ယခုလက်ရှိအချိန်မှာ အဆိုတော်အောင်လဟာ သူဇနီးဟောင်းဖြစ်တဲ့
 မိုးငယ်စံနဲ့ အွန်းလိုင်းပေါ်က သူတို့နှစ်ဦးရဲ့ ကိုယ်ပိုင် Facebook
စာမျက်နှာများပေါ်မှာ ပြဿနာအချို့ကို အချေအတင်ပြောဆိုနေတဲ့ ပုံစံများ
တွေ့ရှိနေရပါတယ်။

မိုးငယ်စံရဲ့အဖေကို အောင်လဘက်မှ ဧပြီလဆန်းပိုင်းလောက်မှာပြဿနာများကို ရှင်းလင်းပေးမယ်လို့ ဖုန်းဆက်ပြောဆိုခဲ့တာဖြစ်ပြီး ယခုသင်္ကြန်ပြီးသည်အထိအောင်လဘက်မှဖုန်းဆက်ခြင်းမရှိတဲ့အပြင် ဖုန်းကိုပါ
မကိုင်တော့တဲ့အတွက်အခုလို Facebook စာမျက်နှာပေါ်ကတစ်ဆင့်ရေးသားဖော်ပြခြင်းဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။

သူမဘက်မှလည်းပြဿနာအကြောင်းအရင်းကိုတော့ အောင်လထိခိုက်မှာစိုးတဲ့အတွက်ထုတ်ဖော်ပြောဆိုခြင်းမရှိကြောင်း သိရပါတယ်။
ဆက်လက်ပြီးအဆိုတော်အောင်လဘက်မှလည်း သူရဲ့ ဇနီးဟောင်း
အမေကို အောက်လမ်းဆရာမကြီးဆိုတဲ့ ရေးသားခြင်းများနဲ့ သူမ
မိသားစုဘက်ကတောင်းဆိုသမျှတွေကို ပေးရရင် ဘီလ်ဂိတ်တောင်( Bill Gates) မွဲသွားနိုင်ကြောင်း စတဲ့အကြောင်းအရာများကို ရေးသားဖော်ပြထားပြီး ထိုထက်လွန်လာပါက တရာရုံးမှ ဥပဒေအရရှင်းရမည်ဖြစ်ကြောင်း စတဲ့သတင်းများကို အောင်လနဲ့ မိုးငယ်စံရဲ့
လူမှုကွန်ယက်စာမျက်နှာများမှတစ်ဆင့် သိရှိရပါတယ်။
သားကြီး(ဇီးကုန်း)AkonThi

No comments:

Post a Comment