Latest News

Wednesday, April 26, 2017

သံဖြူဇရပ်မြို့ကျက်သရေဆောင် ဟင်္သာရုပ်တုအား အရက်မူးပြီးကားဖြင့်ဝင်တိုက်သူကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့် အရေးယူ

သံဖြူဇရပ်မြို့ကျက်သရေဆောင် ဟင်္သာရုပ်တုအား အရက်မူးပြီးကားဖြင့်ဝင်တိုက်သူကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့် အရေးယူ


မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ရှိ မြို့လယ်အဝိုင်း၌တပ်ဆင်ထားသည့် မြို့ကျက်သရေဆောင် ဟင်္သာရုပ်တုအား အရက်မူးပြီး ကားဖြင့်ဝင်တိုက်သူကို အများပြည်သူပိုင်လမ်းပေါ်တွင် မဆင်မခြင် မောင်းနှင်းခြင်း ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဧပြီလ(၂၆)ရက်နေ့၊ နေ့လည်(၂)နာရီအချိန်ခန့်က မော်လမြိုင်မြို့မှရေးမြို့ဘက်သို့ မြင့်ဦး(၃၈)နှစ်၊ (ဘ)ဦးခွေးမိ၊ ခေါဇာမြို့၊ ရေးမြို့နယ်နေသူမောင်းနှင်လာသည့် ယာဉ်အမှတ်(1B/2041)၊ Nissan အမျိုးအစား၊ (၁၂)ဘီးတပ်မော်တော်ယာဉ်မှာ ဘိလပ်မြေအိပ်များတင်ဆောင်မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ မြို့လယ်အဝိုင်းအုတ်ခုံကိုကျော်တက်ကာ လူတရပ်ခန့်မြင့်သည့်ဟင်္သာရုပ်တုအား ဝင်ရောက်တိုက်မိကာ ရုပ်တုအောက်ခြေမှကျိုးကျကာ ကျေမွပျက်စီးသွားသည်။

"ကားကအမှန်တကယ် အဝိုင်းကိုဝိုက်ပြီးကွေ့ရမှာ။ အခုဟာကတည့်တည့်ကြီးဝင်လာတယ်။ ကျွန်တော်ကြည့်ရတာ ဘရိတ်ပေါက်သွားတာထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အရုပ်ကိုမတိုက်ခင်အထိ ဂီယာနဲ့ဘရိတ်သတ်တဲ့အသံက အကျယ်ကြီးကြားပြီးတော့ ညှော်ထွက်သွားတာဘဲ" ဟု မြို့လယ်အဝိုင်းအနီး ဆိုင်ကယ်တက္ကစီဂိတ်မှ ကိုမင်းစိုးပိုင်က News Watch သို့ ပြောသည်။

အဆိုပါ ဟင်္သာရုပ်တုမှာ ဖေဖော်ဝါရီ ၁၂ ရက်ကမှ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယာဉ်တိုက်မှုဖြစ်ပွားချိန်တွင် ယာဉ်မောင် မြင့်ဦးနှင့်ယာဉ်နောက်လိုက်တို့ နှစ်ဦးစလုံး အမူးလွန်နေကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်အားမဆင်မခြင်မောင်းနှင်သူ မြင့်ဦးအား သံဖြူဇရပ်မြို့မရဲစခန်းက ယာဉ်(ပ)၂၀/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉ ဖြင့်အမှုဖွင့်ဆောင်ရွက်ထားသည်။
ခေါက်ချိုး
News Watch

No comments:

Post a Comment