Latest News

Friday, April 14, 2017

ဝီစကီေသာက္လုိ႔ အသက္ရွည္တာဆိုတဲ့ အသက္ ၁၁၀ အရြယ္ အဘြားအို


စက္တင္ဘာလ ၁၆ ရက္ေန႔မွာ အသက္ ၁၁၀ ျပည့္ ေမြးေန႔ကို က်င္းပခဲ့တဲ့ ၿဗိတိန္ရဲ႕အသက္အႀကီးဆံုး အမ်ဳိးသမီးႀကီးတစ္ဦးက သူမ အသက္ရွည္ရျခင္းအေၾကာင္းအရင္းကို ထုတ္ေဖာ္ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

သူငယ္ခ်င္းေတြၾကားထဲမွာ Amazing Gace လုိ႔ ေခၚၾကတဲ့ ဂေရ႕စ္ဂ်ဳန္းစ္ဟာ ယူေကရဲ႕ ဒသမေျမာက္ အသက္အႀကီးဆံုးသူ ျဖစ္ပါတယ္။

သူမဟာ Famous Grouse မုေယာဝီစကီကို ႏွစ္ေပါင္း ၆၀ တုိင္တုိင္ ညအိပ္ခါနီးတုိင္း ေသာက္တယ္လို႔ ဆုိပါတယ္။

"အိပ္ခါနီး ဝီစကီေသာက္ဖုိ႔ ဘယ္ေတာ့မွ မေမ့ဘူး။ ညဘက္မွာ အေဖာ္ဆုိလို႔ ဝီစကီပဲရွိတာ" လုိ႔ ဘေရာ့ဒ္ေဝးမွာ ေနထုိင္တဲ့ သမီးတစ္ဦးသာရွိတဲ့ ဂေရ႕စ္က ေျပာပါတယ္။

"ဝီစကီက လူနဲ႔တည့္တယ္။ အဘြားအသက္ ၅၀ ကစၿပီး ညတုိင္းေသာက္တာဆုိေတာ့ ႏွစ္ေပါင္း ၆၀ ရွိၿပီေပါ့။ အခုခ်ိန္မွာ ရပ္လုိက္ဖို႔လည္း စိတ္ကူးမရွိဘူး" လို႔ သူမကဆုိပါတယ္။

"အဘြားရဲ႕ဆရာဝန္ကလည္းေျပာတယ္။ ဝီစကီကို ဆက္ေသာက္ပါ ဂေရ႕စ္။  အဲဒါ ခင္ဗ်ားရဲ႕ႏွလံုးအတြက္ ေကာင္းတယ္လို႔ ေျပာတယ္" လုိ႔ သူမက ေျပာခဲ့ပါတယ္။

အခု အသက္ ၁၁၀ အရြယ္မွာ သူမဟာ အသက္ ၆၀ အရြယ္ကအတုိင္းပဲ ခံစားရဆဲျဖစ္ၿပီး အအာအင္ေတြ အျပည့္ရွိေနတုန္းလို႔ ဆုိပါတယ္။

"ကၽြန္မအေမက တကယ့္ကို ထူးျခားတဲ့သူပါ။ သူက လွပၿပီး ဉာဏ္လည္းထက္တယ္။ အျမဲသတိရွိတယ္။ အခုထိလည္း သတိရွိေနတုန္းပဲ" လုိ႔ သူမရဲ႕ အသက္ ၇၈ ႏွစ္အရြယ္ သမီး ဒါဒရီမက္ကာသီက ေျပာျပခဲ့ပါတယ္။

Credit : Duwun


#Unicode Version

စက်တင်ဘာလ ၁၆ ရက်နေ့မှာ အသက် ၁၁၀ ပြည့် မွေးနေ့ကို ကျင်းပခဲ့တဲ့ ဗြိတိန်ရဲ့အသက်အကြီးဆုံး အမျိုးသမီးကြီးတစ်ဦးက သူမ အသက်ရှည်ရခြင်းအကြောင်းအရင်းကို ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်ပါတယ်။

သူငယ်ချင်းတွေကြားထဲမှာ Amazing Gace လို့ ခေါ်ကြတဲ့ ဂရေ့စ်ဂျုန်းစ်ဟာ ယူကေရဲ့ ဒသမမြောက် အသက်အကြီးဆုံးသူ ဖြစ်ပါတယ်။

သူမဟာ Famous Grouse မုယောဝီစကီကို နှစ်ပေါင်း ၆၀ တိုင်တိုင် ညအိပ်ခါနီးတိုင်း သောက်တယ်လို့ ဆိုပါတယ်။

"အိပ်ခါနီး ဝီစကီသောက်ဖို့ ဘယ်တော့မှ မမေ့ဘူး။ ညဘက်မှာ အဖော်ဆိုလို့ ဝီစကီပဲရှိတာ" လို့ ဘရော့ဒ်ဝေးမှာ နေထိုင်တဲ့ သမီးတစ်ဦးသာရှိတဲ့ ဂရေ့စ်က ပြောပါတယ်။

"ဝီစကီက လူနဲ့တည့်တယ်။ အဘွားအသက် ၅၀ ကစပြီး ညတိုင်းသောက်တာဆိုတော့ နှစ်ပေါင်း ၆၀ ရှိပြီပေါ့။ အခုချိန်မှာ ရပ်လိုက်ဖို့လည်း စိတ်ကူးမရှိဘူး" လို့ သူမကဆိုပါတယ်။

"အဘွားရဲ့ဆရာဝန်ကလည်းပြောတယ်။ ဝီစကီကို ဆက်သောက်ပါ ဂရေ့စ်။  အဲဒါ ခင်ဗျားရဲ့နှလုံးအတွက် ကောင်းတယ်လို့ ပြောတယ်" လို့ သူမက ပြောခဲ့ပါတယ်။

အခု အသက် ၁၁၀ အရွယ်မှာ သူမဟာ အသက် ၆၀ အရွယ်ကအတိုင်းပဲ ခံစားရဆဲဖြစ်ပြီး အအာအင်တွေ အပြည့်ရှိနေတုန်းလို့ ဆိုပါတယ်။

"ကျွန်မအမေက တကယ့်ကို ထူးခြားတဲ့သူပါ။ သူက လှပပြီး ဉာဏ်လည်းထက်တယ်။ အမြဲသတိရှိတယ်။ အခုထိလည်း သတိရှိနေတုန်းပဲ" လို့ သူမရဲ့ အသက် ၇၈ နှစ်အရွယ် သမီး ဒါဒရီမက်ကာသီက ပြောပြခဲ့ပါတယ်။

Credit : Duwun

No comments:

Post a Comment