Latest News

Saturday, April 29, 2017

ပြည်ထဲရေး နဲ့ နယ်လုံ သို့

ပြည်ထဲရေး နဲ့ နယ်လုံ သို့

သာကေတ တွင် တရားဥပဒေမဲ့  ဆူပူရန် ဖန်တီးလာသော အကြမ်းဖက် ဖြစ်စဉ်များကို အချိန်မှီ တားဆီး နိုင်ခဲ့သည့်
အတွက် လူထုကြီး အဖို့ သက်မ ချနိုင်ပြီး တာဝန်
ရှိသူများကို ကျေးဇူး တင် နေကြပါတယ်။

သို့သော် တာဝန်ရှိသူ များ အနေဖြင့် ဤမျ နှင့် သက်မ
မချ သင့်သေးပေ။ အဆိုပါ ဖြစ်စဉ် ကို ကြည့်ပါက
ယခင်ကဲ့သို့ ဒေသခံများ၏ လတ်တလော ဖြစ်ပေါ်လာသော ဒေါသ ကြောင့် လူမျိုးရေး အဓိကရုဏ်းများ ဖြစ်ပေါ်ခဲ့ရသည်မျိုး မဟုတ်ပဲ ပြင်ပမှ အုပ်စုဖွဲ့၍  ကြို တင် ကြံစည်ကာ ရောက်ရှိလာခြင်း ဖြစ်တာကို တွေ့ရမှာ ဖြစ်ပါတယ်။

ယခု အဆိုပါ  လူအုပ်စုကြီးကို ကျေနပ် လောက်
အောင်  အခြေ အနေ ကို ထိမ်းသိမ်းခဲ့ရ
သည်မှာ နားလည် နိုင်သော်လည်း ၎င်းတို့ အဖို့ ကား
အောင်ပွဲရသွားသည့်နှယ် ဖြစ်ကာ အခြား သော ဒေသ များသို့ သွားကာ အလားတူ ပြု မူကြ က ယခု
ကဲ့သို့ အချိန်မီ မထိမ်းသိမ်းလိုက်နိုင်ပါက လူအများ အသက် အိုး အိမ်  စည်းစိမ် များ ဆုံးရှုံး ကြယုံသာမက ကမ္ဘာ့ အလယ်တွင် ကျော်မကောင်း ကြားမကောင်း ဖြစ်ကာ တိုင်းပြည် သိက္ခာ ကျ  ရမည့် အရေး ပင် ဖြစ်ပါတယ်။

သာကေတ အနော်မာ ဖြစ်ရပ်တွင် ပါဝင်ကြသူများ
မည်သူမည်ဝါ ဖြစ်သည် မည်သူ ခေါင်းဆောင်
သည်ကို အထင်အရှား တွေ့ မြင် သိရှိ နေပါလျက်
နှင့် နောက်နောင် အလားတူ အကျည်းတန် သည့်
လုပ်ရပ်အား ထိမ်းသိမ်းနိုင်ရန် ကြို တင် အရေးယူ
မှုများ မပြု သင့်ပြီလော။

အဆိုပါ အုပ်စုကြီးက အခြားနေရာများသို့ သွား
ရောက်ကာ အဓမ္မ လုပ်ရပ်များ ဖန်တီးလာပြီး
သွေးထွက်သံယိုမှု များ ဖြစ်ပွားလာပါက ကြို တင် အရေး ယူ နိုင်ပါလျက် နှင့် လျစ်လျူ ရှု့ ခဲ့ သည့် ပြည်ထဲရေး နှင့် နယ်လုံ တို့တွင် တာဝန် ရှိလာကြမှာ ဖြစ်ပါတယ်။ အားလုံးကလက်ညိးထိုးလာကြမှာ ဖြစ်ကြောင်း အသိပေး လိုပါတယ်။

သို့အတွက် proactive action ပြု မူ သင့်လှပြီ ဖြစ်
ပါတယ်။

HSW

No comments:

Post a Comment