ပုသိမ်မြို့ ငဝန်မြစ်အတွင်း စက်လှေတိုက်မိမှု သေဆုံးသူ ၃၀ဦးအထိရှိ
ပုသိမ် ၊ ဧပြီ ၇
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ငဝန်မြစ်အတွင်း ယနေ့(ဧပြီလ ၇ရက်) ည ၇း၂၀ ခန့်က နဒီရွှေစင်ကျောက်တင်သင်္ဘောနှင့် ခရီးသည် ၆၀ ဦးခန့်တင်ဆောင်လာသော ငွေကြယ်ပွင့်စက်လှေတို့ တိုက်မိခဲ့သည်။
ပုသိမ်မြို့သို့ မင်္ဂလာဆောင်လာသော ငွေကြယ်ပွင့်စက်လှေသည် ငပုတောမြို့နယ် တမန်ချောင်း ကမ်းနီကျေးရွာသို့ ပြန်လည်ထွက်ခွာစဉ် ပုသိမ်မြို့ ဥမ္မာဒန္တီဆိပ်ခံတံတားအကျော်တွင် နဒီရွှေစင် ကျောက်တင်သင်္ဘောနှင့် တိုက်မိခဲ့ခြင်းဖြစ်သည်။ စက်လှေမှာ အရှိန်မထိန်းနိုင်ဘဲ တိုက်မိခါနီးတွင် နဒီရွှေစင်သဘောင်္မှ အရပ် ဝင်တိုက်မိခဲ့ခြင်းဖြစ်သည်ဟု မြင်တွေ့သူများက ဆိုသည်။
ယင်းဖြစ်စဉ်တွင် ၂၂ဦး အသက်ရှင်လျှက် ကယ်ဆယ်နိုင်ခဲ့ပြီး ၃၀ဦးခန့်အလောင်းတွေ့ရှိကြောင်း ၊ လတ်တလောတွင် အသက်ရှင်လျှက်ရှိသူများကို ပုသိမ်ဆေးရုံကြီးတွင် အနားယူရန် နေရာချပေးထားကြောင်း သိရသည်။ မဇ္ဈိမ
ဓာတ်ပုံ - မင်းသက်ပိုင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment