ရန်ကင်းမြို့နယ်၌ ခြင်ဆေးခွေမီးထွန်းရာမှ မီးလောင်မှုဖြစ်ပွား
ရန်ကုန် ဧပြီ ၂၃
ရန်ကင်းမြို့နယ်၌ ဧပြီ ၂၃ ရက် နံနက်အစောပိုင်းက ခြင်ဆေးခွေ မီးထွန်းထားရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဧပြီ ၂၃ ရက် နံနက် ၂ နာရီက ရန်ကင်း မြို့နယ် (၁၅)ရပ်ကွက် အဝေရာလမ်းရှိ ခြံဝင်းအတွင်း၌ ရှိသော ဦးတင်ဝင်းလှိုင်၏ ဂိုဒေါင်အတွင်း တူရိယာပစ္စည်း များအတွက်အသုံးပြုသည့် ကတ်ထူများထားရှိရာနေရာ ၌ ခြင်ဆေးခွေမီးထွန်းရာမှ ခြင်ဆေးခွေလဲကျ၍ ကတ်ထူများသို့ ကူးစက်ပြီး စတင်လောင်ကျွမ်းခဲ့ရာ မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် လေးစီး အပါအဝင် အခြားမြို့နယ်များမှ မီးငြှိမ်းသတ်ယာဉ် စုစုပေါင်း ၂၃ စီး၊ အထောက်အကူပြု ယာဉ် ၁ဝ စီး၊ ကွပ်ကဲမှုယာဉ် စုစုပေါင်း ခြောက်စီးဖြင့် နံနက် ၃ နာရီ ၅ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် တန်ဖိုး ငွေကျပ် ၉၈ သိန်းဆုံးရှုံး ခဲ့ပြီး အိမ်စောင့် ဒေါ်ဖြူ (၅၂)နှစ်အား ရန်ကင်းမြို့မ ရဲစခန်းက (ပ) ၁၆ဝ/ ၂ဝ၁၇/ ပုဒ်မ-၂၈၅ ဖြင့် အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။
စိုးဝင်း(MLA)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment