မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်း လေတပ်ဝက်မွေးမြူရေးခြံသို့ သွားရောက်လည်ပတ်
ပြုံယမ်း ဧပြီ ၂၃
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်းသည် လေတပ်မတော်က ပိုင်ဆိုင်သည့် ဝက်မွေးမြူရေးခြံသို့ သွားရောက်လည်ပတ် ခဲ့ကြောင်း မြောက် ကိုရီးယား နိုင်ငံပိုင်သတင်းမီဒီယာက ဖော်ပြသည်။
ကင်ဂျုံအမ်း၏ ထိုသို့သွားရောက် လည်ပတ်မှုက စစ်ရေးနယ်ပယ်တွင် တိုးတက်မှုရရှိရေးအတွက် ထဲထဲဝင်ဝင် ဆောင်ရွက်ရန် ၄င်း၏အားထုတ်ကြိုးပမ်း မှုကို ထင်သာမြင်သာရှိစေရန် ရည်ရွယ် ကာ သွားရောက်ခဲ့ခြင်းဖြစ်သည်ဟု ယူဆရကြောင်း သတင်းမီဒီယာများ တွင် ဖော်ပြခဲ့သည်။
ပြီးခဲ့သည့်နှစ် သြဂုတ်လအတွင်းကဆောက်လုပ်ပြီးစီးခဲ့သည့် ဝက်မွေးမြူ ရေးခြံ၌ရောက်ရှိနေသည့် ကင်ဂျုံအမ်း ၏ ပုံရိပ်များကို ကိုရီးယားဗဟိုရုပ်မြင် သံကြားဌာနက တနင်္ဂနွေနေ့တွင် ထုတ်လွှင့်ပြသခဲ့သည်။
ပိုင်းလော့များ၏ အစာအာဟာရ အတွက် အထောက်အကူပြု မည့် မွေးမြူ ရေးအခြေစိုက်စခန်းတစ်ခု မြောက် ကိုရီးယားတွင် ယခုရှိနေပြီဖြစ်ကြောင်း ကင်က အလည်အပတ်သွားရောက်မှု အတွင်း ပြောကြားခဲ့သည်။
မွေးမြူရေးခြံအနေဖြင့် လေယာဉ် မှူးများအတွက် ဝက်သားနှင့် ဆက်စပ် စားသောက်ကုန်များကို ထုတ်လုပ်ပေး နိုင်လိမ့်မည် ဟု မျှော်လင့်ထားကြောင်း ၄င်းက ဖော်ပြခဲ့သည်။ပြန်/ဆက်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment