မန္တလေးကျုံးပတ်လည်သန့်ရှင်းရေးအတွက် ၀န်ထမ်း(၁၀၀၀)ကျော်နဲ့ ဆောင်ရွက်မယ်
သင်္ကြန်ကာလ မန္တလေးကျုံးပတ်လည်သန့်ရှင်းရေးအတွက် သန့်ရှင်းရေး ၀န်ထမ်း(၁၀၀၀)ကျော်နဲ့ ဆောင်ရွက်သွားမယ်လို့ မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီသန့်ရှင်းရေးဌာနက သိရပါတယ်။သန့်ရှင်းရေး ၀န်ထမ်းဦးရေ(၁၀၀၀)ကျော်၊ အမှိုက်ပုံး(၁၀၀) လောက်နဲ့ မှော်ဆယ်စက်(၈)စီး ချထားပေးမှာ ဖြစ်ပါတယ်။ ပြည်သူတွေ စနစ်တကျ အမှိုက်ပစ်ဖို့လုပ်ပေး ထားတာဖြစ်တာကြောင့် အမှိုက်ပုံးတွေ ဖျက်ဆီးတာ၊ ကျုံးထဲပစ်ချတာတွေ မလုပ်ဖို့နဲ့ ဖျက်ဆီးသူတွေရှိရင်လည်း တားဆီးပေးဖို့ မေတ္တာရပ်ခံချင်တယ်လို့ မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီသန့်ရှင်းရေးဌာန၊ဌာနခွဲမှူး ဦးစိုးတင့်အောင်က ပြောပါတယ်။နိုင်ငံခြားခရီးသွားတွေအတွက် သင်္ကြန် သီးသန့်နေရာစီစဉ်ထားတဲ့ ကျုံးတောင်ဘက်ခြမ်း ရေပြင်ကိုအဓိကထားပြီး သန့်ရှင်းရေးဆောင်ရွက်သွား မယ်လို့ သိရပါတယ်။ ကျုံးတောင်ဘက်က (၂၆)လမ်းရှိ လမ်းလျှောက် သင်္ကြန်မှာအမှိုက်ပုံး(၅၀)ခန့်၊ ကျုံးအရှေ့ဘက်၊ အနောက်ဘက်နဲ့မြောက်ဘက် မှာ အမှိုက်ပုံး(၅၀)ခန့်နဲ့ ကျုံးပတ်ပတ်လည်မှာ မှော်ဆယ်စက်တွေနဲ့ ကျုံးရေပြင်သန့်ရှင်းရေးဆောင်ရွက်မှာဖြစ်ပါတယ်။
သတင်းထောက် - ရဲရင့်မာန် (5 PLUS NEWS)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment