Latest News

Monday, April 3, 2017

မန္တလေးတိုင်း​ဒေကြီးအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်​ ပိုလျှံ ဘဏ္ဍာငွေ ကျပ်သန်းလေးထောင်ကျော်ရှိ

မန္တလေးတိုင်း​ဒေကြီးအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်​ ပိုလျှံ ဘဏ္ဍာငွေ ကျပ်သန်းလေးထောင်ကျော်ရှိ

မန္တလေးတိုင်း​ဒေကြီးအတွင်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက်​ တည်ဆောက်ရေးလုပ်ငန်းများ အသုံးပြုရန်​ ကျပ်သန်း ၅၄,၄၀၀ ကျော်ကို ယခင်အစိုးရသက်တမ်းက အတည်ပြုခွင့်ပြုခဲ့သည်​။ အဆိုပါ တည်ဆောက်ရေးလုပ်ငန်းတင်ဒါများကို စနစ်တကျပြန်​လည်​စိစစ်ရာ ဘဏ္ဍာငွေ ကျပ်သန်းလေးထောင်ကျော် ပိုလျှံ​ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သတင်းရရှိသည်။

အဆိုပါ ပိုလျှံ ဘဏ္ဍာငွေ ကျပ်သန်းလေးထောင်ကျော်ကို နိုင်​ငံ​တော်​၏အတိုင်​ပင်​ခံပုဂ္ဂိုလ်​ ​ဒေါ်​အောင်​ဆန်းစုကြည်​ လမ်းညွှန်​ထားသည့်​ ကျေးလက်​​ဒေသ​နေပြည်​သူ​များ လူမှုဘဝမြှင့်​တင်​​ပေးရန်​အတွက်​ ကျေးလက်​​ဒေသများတွင်​ လျှပ်​စစ်​မီးလင်းရေးလုပ်ငန်း​ ဆောင်ရွက်​ခြင်း၊ လမ်း/တံတားတည်​​ဆောက်​ပြုပြင်​ခြင်း၊ ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ​ဆောင်ရွက်​ခြင်းများအပြင်​ စာသင်ကျောင်းများ တည်ဆောက်ခြင်း၊ အားကစားကွင်းများ အဆင့်မြှင့်တင်ခြင်း၊ ဝန်ထမ်းအိမ်ရာများ ထပ်မံတည်ဆောက်ခြင်းများတွင်​ ပြန်​လည်​အသုံးပြု​ကြောင်း သိရသည်​။
#TheMandalayNewsJournal


No comments:

Post a Comment