ခေတ်မှီတပ်မတော် အသွင်ပြောင်းဖို့ တရုတ်သမ္မတ စီစဉ်
တရုတ်လွတ်မြောက်ရေးတပ်မတော် PLA ကို စွမ်းရေးထက်မျက်ပြီး ပူးပေါင်းစစ်ဆင်ရေးတွေ ဆောင်ရွက်နိုင်တဲ့ ကျစ်လစ်တဲ့ တပ်မတော်အသွင် ကိုပြောင်းဖို့ တရုတ်သမ္မတ ဇီကျင်းပင်အနေနဲ့ စီစဉ်နေတယ်လို့ တရုတ်အစိုးရ အာဘော်သတင်းစာမှာ ဖေါ်ပြထားပါတယ်။
ခေတ်မှီတပ်မတော် အသွင်ပြောင်းဖို့ အစီအစဉ်မှာ တပ်မဟာ ၈၄-ခုကို ပြင်ဆင်ဖွဲ့စည်းပြီး အီလက်ထရောနစ်၊ သတင်းအချက်အလက်ဆိုင်ရာနဲ့ အာကာသ စစ်ပွဲတွေမှာပါ ပါဝင်နွဲနိုင်တဲ့ စွမ်းရည်တွေကို တိုးမြှင့်သွားမှာဖြစ်ပါတယ်။
အခုလိုခေတ်မှီစစ်တပ် တိုးချဲ့ဆောင်ရွက်ရာမှာ အမေရိကန်စစ်တပ်က ဖွဲ့စည်းထားတဲ့ ပုံစံတွေကို အတုယူထားတာမျိုးလည်းရှိတယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။ တိုးချဲ့မယ့် အစီအစဉ်တွေမှာ အမေရိကန်ပုံစံ ကိုယ်ပိုင်ထောက်လှမ်းရေးတပ်ဖွဲ့ကစပြီး အင်ဂျင်နီယာနဲ့ လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးမယ့် တပ်ဖွဲ့တွေကို တပ်အလိုက် ထားရှိမှာဖြစ်ပါတယ်။
သမ္မတ ဇီကျင်ပင်အနေနဲ့ တပ်မတော်ခေတ်မှီ တိုးတက်အောင် ဆောင်ရွက်နေသလို တချိန်တည်းမှာပဲ တပ်တွင်း အဂတိလိုက်စားမူများနဲ့ ချစားမှုတွေကို ဦးတည်ရှင်းလင်းနေရာမှာ အရာရှိ တော်တော်များများလည်း အရေးယူခံရတယ်လို့ သိရပါတယ်။ RFA
Subscribe to:
Post Comments (Atom)
No comments:
Post a Comment