ဦးဝင်းတင်ကွယ်လွန်ခြင်း ၃ နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနား
တော်ဝင်နှင်းဆီခန်းမတွင် ကျင်းပပြုလုပ်
ဟံသာဝတီဦးဝင်းတင်ကွယ်လွန်ခြင်း ၃နှစ်ပြည့် အောက်မေ့ဖွယ် ဂုဏ်ပြုပွဲအခမ်းအနားကို တော်ဝင်နှင်းဆီခန်းမတွင် ယနေ့ ဧပြီ ၂၁ ရက် နံနက် ၉ နာရီခွဲကကျင်းပသည်။
အခမ်းအနားသို့ NLD နာယက ဦးတင်ဦး သတင်းစာဆရာနှင့် ဒါရိုက်တာ ဦးမိုးသူ၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းတို့အပါအ၀င် နိုင်ငံရေးလောကနှင့် စာပေအသိုင်းအဝိုင်းမှပုဂ္ဂိုလ်များ တက်ရောက်သည်။
ဟံသာဝတီ ဦးဝင်းတင်အား ဂုဏ်ပြုသောအားဖြင့် ၈ စက္ကန့် ငြိမ်သက်စွာ မတ်တပ်ရပ်ခဲ့ကြပြီး ဦးတင်ဦး၊ ဦးဖြိုးမင်းသိန်း၊ ဦးမင်းကိုနိုင်တို့မှ အမှတ်တရစကားများ အသီးသီး ပြောကြားခဲ့ကြသည်။ ဦးဝင်တင်၏အတ္ထုပတ္တိကို နိုင်ငံရေးအကျဉ်းသားဟောင်း ကိုအောင်ကျော်က ဖတ်ကြားသည်။
ဦးဖြိုးမင်းသိန်းက အမှတ်တရစကားပြောကြားရာတွင်“ကျွန်တော်တို့ကို ဘဘဦးဝင်းတင်က ထောင်ထဲမှာ သွန်သင်ခဲ့ပါတယ်။ ကျွန်တော်တို့ကို ထောင်ထဲမှာ ကြံ့ကြံ့ခံနိုင်အောင် ဘဘက အမြဲအားပေးတယ်။ ဘဘဦးဝင်တင်နဲ့ တထောင်ထဲကျတော့ အပြင်မှာရုံးထုတ်ရင် သံခြေကျင်းခတ်တာကို အခတ်မခံဘဲ ကျွန်တော်တို့ဆန္ဒပြကြတာကို အခုချိန်ထိ မှတ်မိသေးတယ်”ဟု ပြောကြားသည်။
သဒ္ဒါထက်အိုင်(လှည်းတန်း) News Watch
Subscribe to:
Post Comments (Atom)
No comments:
Post a Comment