Latest News

Thursday, April 20, 2017

အမေရိကန်အပေါ် ဒုံးကျည်ဖောက်ခွဲသည့်ရုပ်သံကို မြောက်ကိုရီးယားများ လက်ခုပ်တီးအားပေး

အမေရိကန်အပေါ် ဒုံးကျည်ဖောက်ခွဲသည့်ရုပ်သံကို မြောက်ကိုရီးယားများ လက်ခုပ်တီးအားပေး

အမေရိကန်နိုင်ငံ မြို့တမြို့ပေါ် ဒုံးကျည်လက်နက်နဲ့ ဖောက်ခွဲတဲ့ ရုပ်သံဗွီဒီယိုကို ကြည့်ရှုပြီး လက်ခုပ်လက်ဝါးတီးကာ ဝမ်းသာပျော်ရွှင်နေကြတဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ နိုင်ငံသားတွေရဲ့ ရုပ်သံဗွီဒီယိုဖိုင် ထွက်ပေါ်ခဲ့ပါတယ်။

ဒီအဖြစ်အပျက်ဟာ ဧပြီ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ မြောက်ကိုရီးယားနိုင်ငံ တည်ထောင်ခဲ့သူ ခေါင်းဆောင် ကင်အီဆွန်းရဲ့ အသက် ၁၀၅ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားမှာ ဖြစ်ခဲ့တာပါ။

ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ စစ်တီးဝိုင်းတွေနဲ့ တူရိယာအဖွဲ့တွေ တီးမှုတ်ဖျော်ဖြေကာ အခမ်းအနား ကျင်းပနေကြတာကို တွေ့ရပါတယ်။

အဲဒီစတိတ်စင်ပေါ်က နောက်ခံ ရုပ်သံဗွီဒီယိုပြကွက်မှာတော့ အမေရိကန်နိုင်ငံ မြို့တမြို့အပေါ် ဒုံးကျည်နဲ့ ဖောက်ခွဲခဲ့တဲ့ရုပ်သံကို ထုတ်လွှင့်နေခဲ့ပြီး ပေါက်ကွဲခဲ့ချိန်မှာ ကြည့်ရှုသူပရိသတ်တွေက လက်ခုပ်လက်ဝါးတီးပြီး သြဘာပေးခဲ့ကြတာပါ။

ရုပ်သံဗွီဒီယိုဖိုင်အဆုံးသတ်မှာ အမေရိကန်နိုင်ငံအလံ မီးလောင်သွားတဲ့ပြကွက်လည်း ပါဝင်ခဲ့တာကို တွေ့ရပါတယ်။

မြောက်ကိုရီးယား သတင်းရုပ်သံ ထုတ်လွှင့်ချက်မှာတော့ ခေါင်းဆောင် ကင်ဂျုံအန်းဟာ ပြုံးပြီး သူ့နိုင်ငံသားတွေဆီ လက်ဝှေ့ယမ်း နှုတ်ဆက်ခဲ့တာကို ပြသခဲ့ပါတယ်။

ပြီးခဲ့တဲ့ လအနည်းငယ်ကတော့ မြောက်ကိုရီးယားဟာ တာဝေးပစ်ဒုံးကျည် အလတ်စားအသစ်တမျိုးကို အောင်အောင်မြင်မြင်နဲ့ စမ်းသပ်နိုင်ခဲ့ပြီးပြီလို့ ထုတ်ဖော် ပြောကြားခဲ့ပါသေးတယ်။ ဒီဗွီဘီ

No comments:

Post a Comment