Latest News

Sunday, April 2, 2017

ပြည်လမ်းမပေါ်မှာ အ၀တ်ဗလာနဲ့ လမ်းလျှောက်တဲ့ အမျိုးသမီးကို အမှုဖွင့်ထား


ပြည်လမ်းမပေါ်မှာ အ၀တ်ဗလာနဲ့ လမ်းလျှောက်တဲ့ အမျိုးသမီးကို အမှုဖွင့်ထား

အများပြည်သူသွားလာတဲ့ နေရာမှာ ညစ်ညမ်းအောင်ပြုလုပ်မှုနဲ့ အမှုဖွင့်ထားတာပါ။

မတ် ၃၁ ရက် ည ၁၀ နာရီ ပတ်ဝန်းကျင်က မရမ်းကုန်း မြို့နယ် ပြည်လမ်းမကြီးပေါ်မှာ အ၀တ်ဗလာကျင်းပြီး သွားလာနေတဲ့ အမျိုးသမီးကို အများပြည်သူသွားလာတဲ့ နေရာမှာ ညစ်ညမ်းအောင်ပြုလုပ်မှုနဲ့ မရမ်းကုန်းမြို့မရဲစခန်းက အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
အဆိုပါအမျိုးသမီးက ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်မှာနေတဲ့ မ---- (၂၆)နှစ်ဖြစ်ပြီး အသက်သုံးနှစ်အရွယ် သမီးတစ်ဦးနဲ့ ကျန်းမာရေးချို့ယွင်းနေတဲ့  အသက်တစ်နှစ်အရွယ် သားတစ်ဦးတို့ရဲ့ မိခင်ဖြစ်တယ်လို့ ဆိုပါတယ်။

ဖြစ်စဉ်မဖြစ်ပွားခင် ည ရ နာရီလောက်က အဆိုပါအမျိုးသမီးက သူ့ရဲ့ကလေးငယ်နှစ်ဦးနဲ့အတူ အင်းစိန်မြို့နယ်ထဲက ဘုရားကျောင်းတစ်ခုကနေ ပြန်လာခဲ့ပြီး စော်ဘွားကြီးကုန်းရပ်ကွက် ဆယ်မိုင်ကုန်းက ဒံပေါက်ဆိုင်တစ်ဆိုင်ရှေ့မှာ ကလေးငယ်နှစ်ဦးကိုထားခဲ့ကာ အ၀တ်ဗလာကျင်းလျက် ကိုးမိုင်ဘက်ကို ပြည်လမ်းအတိုင်း လမ်းလျှောက်သွားခဲ့တာလို့ သိရပါတယ်။

မရမ်းကုန်းမြို့နယ် ရဲတပ်ဖွဲ့က စစ်ဆေးမှုတွေအရ အဆိုပါအမျိုးသမီးက စိတ်ကယောင် ချောက်ချားဖြစ်နေလို့ ဘာမှမသိတော့ဘဲ ပုံမှန်စိတ်အခြေအနေကို သတိပြန်လည်ရရှိချိန်မှာ အိမ်ထောင်ရေး၊ စီးပွားရေးနဲ့ သားသမီးရေးစတဲ့ စိတ်ဖိစီးမှုတွေကြောင့် သတိလက်လွတ် ဖြစ်ကာ အခုလိုပြုမူခဲ့တာလို့ ပြောဆိုခဲ့ကြောင်း မရမ်းကုန်းမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောပါတယ်။

လွန်ခဲ့တဲ့ မတ်လ ၂၉ ရက်နေ့ကလည်း လမ်းမတော်မြို့နယ်၊ အနော်ရထာလမ်း၊ (၁၁)လမ်းနဲ့ (၁၂)လမ်းကြားမှာ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ စကားများရန်ဖြစ်နေလို့  ရဲတပ်ဖွဲ့ဝင်တွေက သွားရောက်ထိန်းသိမ်းခဲ့စဉ်ကလည်း  အမျိုးသမီးဖြစ်သူက လင်မယားချင်း ရန်ဖြစ်တာကို ဖြေရှင်းပေးဖို့ မလိုကြောင်းပြောဆိုပြီး ၀တ်ဆင်ထားတဲ့ အ၀တ်အစားတွေကို ချွတ်ချခဲ့တဲ့ ဖြစ်ရပ်ဖြစ်ပွားခဲ့ဘူးပါတယ်။
Source & Phioto : STDTD:Duwun

No comments:

Post a Comment