Latest News

Friday, April 14, 2017

ရန်ကုန်လူသတ်မှု အင်တာပိုလ် ကြေညာချက်ထုတ်

ရန်ကုန်လူသတ်မှု အင်တာပိုလ် ကြေညာချက်ထုတ်

အင်တာပိုလ် Interpol နိုင်ငံတကာရဲတပ်ဖွဲ့က ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ နိုဝင်္ဘာလအတွင်း ဗြိတိသျှနိုင်ငံသားတဦး သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး သံသယရှိသူ တခြားဗြိတိန်နိုင်ငံသားတဦးကို ဖမ်းဆီးနိုင်ရေးအတွက် အနီရောင်အဆင့် သတိပေးကြေညာချက် မနေ့က ထုတ်ပြန်လိုက်ပါတယ်။

Gary Ferguson ဂယ်ရီ ဖာဂူဆန်နဲ့ Harris Binotti ဟဲရစ် ဘီနော့တီ ဆိုတဲ့ အဲဒီဗြိတိန်နိုင်ငံသား ၂ ဦးလုံးဟာ ရန်ကုန်မြို့က Horizon International School မှာ စာသင်ပြနေတဲ့ ဆရာတွေဖြစ်ပါတယ်။

သူတို့ ၂ ဦး တညမှာ အရက်မူးရန်ဖြစ်ခဲ့ကြပြီး နောက်တနေ့မှာ ဂယ်ရီ ကို ဒဏ်ရာတွေနဲ့ သေဆုံးနေတာတွေ့ရပါတယ်။  ဟဲရစ်ကိုလည်း ရန်ဖြစ်တဲ့ညက စပြီး တခါမှ မတွေ့ရတော့ဖူးလို့ ဆိုပါတယ်။

မြန်မာနိုင်ငံတွင်းမှာ သူမရှိတော့ဖူးလို့ ယုံကြည်ရတဲ့အတွက် အခုလို နိုင်ငံတကာရဲတပ်ဖွဲ့က သတိပေးချက် ထုတ်ပြန်တာဖြစ်ပါတယ်။RFA

No comments:

Post a Comment