Latest News

Monday, April 3, 2017

ကိုယ်စားလှယ်လောင်းအမည်စာရင်း အချိန်မီတင်ဖို့ ပျက်ကွက်ခဲ့တယ်ဆိုပြီး ကယားပါတီ ဥက္ကဌကို တာဝန်ကနေ ရပ်ဆိုင်း

ကိုယ်စားလှယ်လောင်းအမည်စာရင်း အချိန်မီတင်ဖို့ ပျက်ကွက်ခဲ့တယ်ဆိုပြီး ကယားပါတီ ဥက္ကဌကို တာဝန်ကနေ ရပ်ဆိုင်း

ကယားပြည်နယ် ဖရူဆိုမြို့နယ် အမှတ် ၁ မဲဆန္ဒနယ်အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း လျှောက်လွှာအချိန်မီတင်သွင်းဖို့ ပျက်ကွက်တယ်ဆိုပြီး ကယားပြည်နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဌ ဒေါက်တာဒေါ်ခင်စည်သူကို ပါတီတာဝန်ကနေ ရပ်ဆိုင်းလိုက်ကြောင်း ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဒီနေ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

သူ့အနေနဲ့ ပါတီတာဝန်တွေမရှိတော့ပေမယ့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်မှာဖြစ်တယ်လို့ ဒေါက်တာ ဒေါ်ခင်စည်သူ က ပြောပါတယ်။

 "အဲဒါကတော့ ဒီ candidate က မပါလာဘူးဆိုတော့ ဒါ ကျမမှာ တာဝန်ရှိတယ်လို့ သူတို့ယူဆတာကိုး၊ အခု ပါတီတာဝန်က ရပ်ဆိုင်းလိုက်တာပေါ့နော်၊ လက်ရှိက ပါတီတာဝန်ကမရှိတော့ဘူး၊ ပြည်သူပေးလိုက်တဲ့ တာဝန်တော့ ကျန်နေတာပေါ့နော်၊ ပါတီစည်းကမ်းလည်း တစ်ခါမှ မဖေါက်ဖျက်ဖူးဘူး၊ အခု ဒါလေးတော့ အဲလိုဖြစ်တယ်၊ ကျမရဲ့ Management ညံ့တယ်လို့ပဲ ယူတယ်ဆိုရတာပေါ့ ဒါပေမယ့် ကျမပေးပြီးသား ’’

၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအတွက် လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာထဲက ကယားပြည်နယ် ဖရူဆိုမြို့နယ် ပြည်နယ်မဲဆန္ဒနယ်(၁) ကိုယ်စားလှယ်နေရာမှာ ပါတီကိုယ်စားပြု ၀င်ရောက် ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းအမည်စာရင်းကို အချိန်မီမတင်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒေါက်တာဒေါ်ခင်စည်သူဟာ အဲဒီကိုယ်စားလှယ်လောင်းကို မြို့နယ်၊ ခရိုင်၊ ပြည်နယ်နဲ့ ဗဟို အဆင့်ဆင့် ရွေးချယ်ထားခဲ့ပြီးဖြစ်ပေမယ့် ပါတီဌာနချုပ်ဆီအချိန်မီတင်ပြဖို့အတွက် စီစဉ်ညွှန်ကြားမှု အားနည်းခဲ့တယ်လို့ ပြောပါတယ်။

သူ့အနေနဲ့ တာဝန်ကို ကြိုးစားလုပ်ခဲ့ပေမယ့်လည်း အခုလိုအရေးယူခံခဲ့ရတာကို ပြန်လည် ဖြေရှင်းဖို့  စဉ်းစားဦးမယ်လို့တော့ ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာ လစ်လပ်မဲဆန္ဒနယ် ၁၈နေရာမှာ ၀င်ရောက်ယှဉ်ပြိုင်ရာ ၉ နေရာမှာ အနိုင်ရရှိခဲ့ပါတယ်။

Photo: Dr. Khin Sithu/ Facebook/RFA

No comments:

Post a Comment