မြောက်ကိုရီးယားအရေး ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ တရုတ် သမ္မတ တောင်းဆို
တရုတ်နိုင်ငံ သမ္မတ ရှီကျင်းပင်က အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဖုန်းကတဆင့် စကားပြောဆိုရာမှာ မြောက်ကိုရီးယားအရေး တင်းမာနေတဲ့ အခြေအနေတွေကို ငြိမ်းချမ်းတဲ့ နည်းဖြေရှင်း ဖို့ တောင်းဆိုကြောင်း တရုတ် အစိုးရသတင်းဌာနက ပြောပါတယ်။
အင်္ဂါနေ့တုန်းကတော့ မစ္စတာ ထရမ့်က မြောက်ကိုရီးယား အရေးမှာ တရုတ်က အကူအညီ မပေးလည်း အမေရိကန်တနိုင်ငံတည်း ရင်ဆိုင်ဖြေရှင်းဖို့ရာ ကြောက်ရွံ့နေမှာ မဟုတ်ကြောင်း သူ့ရဲ့ အွန်လိုင်းလူမှုကွန်ရက် တွစ်တာ ရေးသားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ကိုရီးယားကျွန်းဆွယ်ကို အမေရိကန် စစ်သင်္ဘော အုပ်စုစေလွှတ်ပြီးနောက်ပိုင်းမှာ မြောက်ကိုရီးယားနဲ့ တင်းမာမှုဟာ ဒေသတွင်းမှာ တိုးမြှင့်လာနေတာပါ။
ဒီဖြစ်ရပ်အပေါ် မြောက်ကိုရီးယားက ဒေါသတကြီး တုံ့ပြန်ခဲ့ပြီး အင်အားသုံး ကာကွယ်မယ်လို့ ကြေညာထားပါတယ်။
မစ္စတာရှိနဲ့ မစ္စတာ ထရမ့် ခေါင်းဆောင်နှစ်ယောက်ဟာ ပြီးခဲ့တဲ့ ရက်သီတင်းပတ်ကုန်ကပဲ ဖလော်ရီဒါမှာ လူချင်း တွေ့ဆုံ စကားပြောခဲ့ပြီး မြောက်ကိုရီးယား အရေး ဆွေးနွေးခဲ့ပါသေးတယ်။
တရုတ်သတင်းဌာန စီစီတီဗီ အရ အခု ဖုန်းခေါ်ဆို စကားပြောဆိုမှုကတော့ ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာလို့ ဆိုပါတယ်။ ဒါနဲ့ ပတ်သက်ပြီး အမေရိကန် သမ္မတရုံး အိမ်ဖြူတော်ဘက်ကတော့ သတင်းအချက်အလက် အသေးစိတ် ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
BBC
Wednesday, April 12, 2017
မြောက်ကိုရီးယားအရေး ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ တရုတ် သမ္မတ တောင်းဆို
မြောက်ကိုရီးယားအရေး ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ တရုတ် သမ္မတ တောင်းဆို
Reviewed by Ar Ti
on
3:05 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment