Latest News

Tuesday, April 4, 2017

ပြည်တွင်းရွှေဈေး ကျပ်ကိုးသိန်းခုနစ်ထောင်သို့ မြင့်တက်

ပြည်တွင်းရွှေဈေး ကျပ်ကိုးသိန်းခုနစ်ထောင်သို့ မြင့်တက်


ကမ္ဘာ့ရွှေဈေး မြင့်တက် ခြင်းကြောင့် ပြည်တွင်းရွှေဈေး ကျပ်ကိုးသိန်းခုနစ်ထောင်သို့ ရုတ် တရက်မြင့်တက်လာပြီး အမေရိ ကန် ဒေါ်လာတန်ဖိုး အပြောင်း အလဲ အနည်းငယ်သာရှိကြောင်း ပြင်ပ ငွေကြေးဈေးကွက်မှ သ တင်းရရှိသည်။

ကမ္ဘာ့ရွှေဈေးသည် နှစ်ရက် အတွင်း တစ်အောင်စလျှင် ၁၀ ဒေါ်လာ နီးပါး မြင့်တက်လာခြင်း ကြောင့် ပြည်တွင်းအခေါက် ရွှေ ဈေးက တစ်ကျပ်သားလျှင်ကျပ် ကိုးထောင်ခန့် မြင့်တက်သွား သည်။

၂၀၁၇ သုံးလကျော်အတွင်း ပြည်တွင်းရွှေဈေးနှုန်းသည် ကမ္ဘာ့ ရွှေဈေးမြင့်တက်မှုကြောင့် ကျပ် ကိုးသိန်းအထက်သို့ မြင့်တက် ခဲ့သည်မှာ လေးကြိမ်ရှိခဲ့ကြောင်း ပြည်တွင်းရွှေလုပ်ငန်းရှင်အချို့ ကပြောသည်။

ဖေဖော်ဝါရီလ အတွင်း ကမ္ဘာ့ရွှေဈေး၊ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁,၂၆၀ သို့ မြင့်တက်ခြင်းကြောင့် ပြည်တွင်း ရွေဈေး ကျပ်ကိုးသိန်းနှစ်ထောင့် ငါးရာသို့ မြင့်တက်ခဲ့သည်။

ထို့အပြင် မတ်လအတွင်းက လည်း ကမ္ဘာ့ရွှေဈေး မြင့်တက်မှု ကြောင့်ပြည်တွင်း ရွှေဈေးကျပ် ကိုးသိန်းကျော်အထိ နှစ်ကြိမ်တိုင် မြင့်တက်ခဲ့သည်။

ကမ္ဘာ့ရွှေဈေးနှုန်း ပြောင်းလဲ ခြင်းကြောင့် ပြည်တွင်းရွှေဈေး မြင့်တက်နေသော်လည်း အ ရောင်း အ၀ယ်ပုံမှန်အခြေအနေ တွင်သာ ရှိနေကြောင်း မြန်မာနိုင် ငံ ရွှေလုပ်ငန်းရှင်များ အသင်း အ တွင်းရေးမှူး ဦးကျော်ဝင်းကပြော ကြားသည်။

ရွှေဈေး မြင့်တက်လာချိန် တွင် ပြင်ပဈေးကွက်၌ ငွေလဲနှုန်း သည် အပြောင်းအလဲ အနည်း ငယ်သာရှိပြီး အမေရိကန် တစ် ဒေါ်လာလျှင် ၁,၃၅၅ ကျပ်ဈေး ဖွင့်ခဲ့သည်။

သင်္ကြန်ပိတ်ရက် နီးလာချိန် တွင် သွင်းကုန်လျော့နည်း၍ ပို့ ကုန်ပမာဏများလာခြင်းကြောင့် ပြင်ပငွေကြေး ဈေးကွက်၌ ကန် ဒေါ်လာတန်ဖိုးကျဆင်းလာခြင်း ဖြစ်သည်ဟု စီးပွားရေးလုပ်ငန်း ရှင်အချို့ ပြောသည်။
( 7Day News )

No comments:

Post a Comment