Latest News

Tuesday, April 25, 2017

မြစ်ကြီးနားမှာ မူးယစ်တိုက်ဖျက်ရေး အခမ်းအနား ပြုလုပ်

မြစ်ကြီးနားမှာ မူးယစ်တိုက်ဖျက်ရေး အခမ်းအနား ပြုလုပ်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်က
မနောကွင်းမှာ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်တွေက ကချင်တိုင်းရင်းသားတွေ ပူးပေါင်းပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အခမ်းအနားတစ်ခုကို ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။

ဘုံရန်သူဖြစ်တဲ့ မူးယစ်ဆေးဝါးကို တိုက်ဖျက်ကြဖို့ လူထုကိုလှုံ့ဆော်တဲ့အနေနဲ့ ဒီကနေ့ အခမ်းအနားကို ပြုလုပ်တာဖြစ်တယ်လို့ အခမ်းအနားဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး ဦးအင်ခွမ်တန်ဂွမ်းက ပြောပါတယ်။

မြစ်ကြီးနား နဲ့ ဝိုင်းမော်မြို့နယ်က ကချင်တိုင်းရင်းသားတွေက မူးယစ်ဆေးဝါးဆန့်ကျင်ရေး ပိုစတာတွေ ကိုင်ဆောင်ပြီး မနောကွင်းကို စုပေါင်းချီတက်ခဲ့ကြတာပါ။

အခမ်းအနားမှာ ကချင်နှစ်ခြင်းအသင်းတော်၊ ကက်သလစ်အသင်းတော် စတဲ့ ခရစ်ယာန်ဘာသာရေးအဖွဲ့တွေနဲ့  ကချင်တိုင်းရင်းသားတွေ စုပေါင်းပြီး ဆုတောင်းဟောပြောခဲ့ကြပါတယ်။

အဲဒီအခမ်းအနားကို ၂၀၁၄ ခုနှစ်ကစတင် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီကနေ့ မှာ ဗန်းမော်၊ တနိုင်း၊ ဖားကန့် စတဲ့မြို့နယ်တွေမှာလည်း အလားတူ အခမ်းအနားတွေကို ပြုလုပ်နေကြပါတယ်။

photo: Kyaw Myo Min/RFA

No comments:

Post a Comment