အမေရိကန်စစ်သင်္ဘောများ ရှေ့ဆက်တိုးလျှင် ပစ်ခတ်မည်ဟု မြောက်ကိုရီးယား ရာဇသံပေး
အမေရိကန်စစ်သင်္ဘောများ ရှေ့တိုးဖြန့်ကျက်လာလျှင် ပစ်ခတ်ရန်အသင့်ဖြစ်နေကြာင်း မြောက်ကိုရီးယားရာဇ သံပေး စစ်ပွဲအတွက် မိမိတို့ပြင်ဆင်ထားပြီးဖြစ်ဟုဆို။ တရုပ်တပ်သား ၁၅၀’၀၀၀ ကိုရီးယားနယ်စပ်သို့ရွှေ့ ပြောင်းတပ်စွဲလာ။ ကိုရီးယားဒီမိုကရက်နိုင်ငံတော်အတွက် အမြင့်ဆုံးသော စိုးရိမ်ဖွယ်အခြအနေသို့ ရောက်ရှိနေဟုဆို။
( ဧပြီ-၁၁၁၊ ၂၀၁၇ ) ကိုရီးယားကျွန်းဆွယ်ဆီသို့ အမေရိကန်စစ်သင်္ဘောရေယာဉ်စုများ ဖြန့်ကျက်လာပြီးနောက် မြောက်ကိုရီးယားအနေနှင့် အင်အားကြီးမားသော တပ်မတော်ကြီးဖြင့် မိမိတို့ကိုယ်မိမိတို့ ကာကွယ်နိုင်ကြောင်းနှင့် စစ်ပွဲအတွက်မိမိတို့ပြင်ဆင်ထားပြီးဖြစ်ကြောင်း ပြုံယမ်းအစိုးရသတိပေးချက်ကို ဒေးလီးမေးလ် သတင်းဌာနက ယနေ့သတင်းပေးဖော်ပြသည်။
တောင်ကိုရီးယားနှင့် ပူးတွဲစစ်ရေးလေ့ကျင့်ရန် အမေရိကန်လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ် ကားလ် ဘင်ဆန်နှင့် စစ်သင်္ဘောများဦးတည်ခုတ်မောင်းလာပြီးနောက် အမေရိကန်၏ရမ်းကားသော အပြုအမူမှာ နာကျည်းဖွယ်အကျိုးဆက်များသာ ဖြစ်ပေါ်လာစေလိမ့်မည်ဟု မြောက်ကိုရီးယားအစိုးရကပြောကြားသည်။ ကျူးကျော်တိုက်ခိုက်ရန် အမေရိကန်၏ ရမ်းကားသောအပြုမူဖြင့်သက်သေပြလျှက်ရှိပြီး ကိုရီးယားဒီမိုကရက်တစ်သမ္မတနိုင်ငံတော်အတွက် အမြင့်ဆုံးသော စိုးရိမ်ဖွယ်အခြအနေသို့ ရောက်ရှိနေကြောင်း မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသည်။
အမေရိကန်၏ မည်သည့်စစ်ကစားမှု့မျိုးကိုမဆို ရနိုင်သမျှနည်းလမ်းများဖြင့် လက်တုန့်ပြန်ရန် မြောက်ကိုရီးယားက အသင့်ရှိနေကြောင်းဖော်ပြသည်။ ထိုစဉ်အတောအတွင်း တရုပ်နိုင်ငံက ၄င်း၏နယ်စပ်သို့ တပ်ဖွဲ့ဝင် ၁၅၀’၀၀၀ ရွှေ့ပြောင်းနေရာယူထားပြီး ဒုက္ခသယ်ကယ်ဆယ်ရေးအတွက် အသင့်ရှိသည်ဆို၏။ လွန်ခဲ့သော ရက်သတ္တပတ် ဆီးရီးယားတွင် ဒေါ်နယ်ထရန့်က ဒုံးကျည်များဖြင့် မထင်မှတ်ဘဲ လျှပ်တစ်ပျက်ခဲ့သည်ဖြစ်ရာ ယခုစစ်ရေးတင်းမာလာခြင်းအပေါ် နိုင်ငံတကာ စိုးရိမ်သောကဖြစ်ရန်ဖန်တီးလာရသည်။
Photo: Reuters, AFP, AP
Naing Naing
.
http://www.dailymail.co.uk/news/article-4400100/North-Korea-warns-ready-war-U-S-deployed-warships.html
http://www.dailymail.co.uk/news/article-4400100/North-Korea-warns-ready-war-U-S-deployed-warships.html#ixzz4dvjhT62E
Wednesday, April 12, 2017
အမေရိကန်စစ်သင်္ဘောများ ရှေ့ဆက်တိုးလျှင် ပစ်ခတ်မည်ဟု မြောက်ကိုရီးယား ရာဇသံပေး
အမေရိကန်စစ်သင်္ဘောများ ရှေ့ဆက်တိုးလျှင် ပစ်ခတ်မည်ဟု မြောက်ကိုရီးယား ရာဇသံပေး
Reviewed by Ar Ti
on
2:17 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment