သီတဂူမြင့်မိုရ်စံ စက္ခုဒါနဆေးရုံတော်ကြီးဖွင့်ပွဲကျင်းပ
မကွေး ဧပြီ ၅
မကွေးတိုင်းဒေသကြီး မကွေးမြို့ ဈေးလယ်စိုးရပ်ကွက် မဟာ ဝိသုတာရာမတိုက်သစ် လေးထပ်ကျောင်းတိုက်အတွင်း တည် ဆောက်ပြီးစီးခဲ့သော ခုတင် ၁ဝဝ ဆံ့ သီတဂူမြင့်မိုရ်စံစက္ခုဒါန ဆေးရုံတော်ကြီးဖွင့်ပွဲကို ဧပြီ ၅ ရက် ရက် နံနက် ၇ နရီခွဲက ဖွင့်လှစ်ခဲ့သည်။
အခမ်းအနားတွင် နိုင်ငံတော်သြဝါဒါစရိယဆရာတော်၊ မကွေးမြို့ ၊ရာဇမုနိကျောင်းတိုက် ၊ပဓာနနာယက မဟာသဒ္ဓ္မမ္မ ဇောတိကဓဇ ၊ဘဒ္ဒန္တကေလာသမထေရ်မြတ်ကြီးထံမှ ပရိသတ် များက ငါးပါးသီလခံယူဆောက်တည်ကြကာ ပရိတ်တရား တော်များနာယူပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုနှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဆေးရုံအလှူရှင် မိသားစုဖြစ်သော ဦးကျော်သက်ဦး - ဒေါ်သန်းသန်းစောတို့က လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ သီတဂူ ဗုဒ္ဓတက္ကသိုလ်ကြီးများ၏ အဓိပတိ၊ ရွှေကျင်နိကာယဥပဥက္ကဋ္ဌ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ၊ မဟာဓမ္မကထိက ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ၊ သီတဂူဆရာတော်ကြီးထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းလောင်းအမျှပေးဝေခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များ၊ ဆေးရုံအလှူရှင်တို့က မင်္ဂလာဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေး ကာ သီတဂူဆရာတော်ကြီးက သီတဂူမြင့်မိုရ်စံ စက္ခုဒါန ဆေးရုံတော် နဖူးစည်းစာတန်း ကမ္ပည်းမော်ကွန်းကို ဖန်လုံး စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့သည်။
သီတဂူမြင့်မိုရ်စံစက္ခုဒါန ခုတင် ၁ဝဝ ဆံ့ ဆေးရုံတော်ကြီး ကို ငွေကျပ်သိန်းပေါင်း ၆၅ဝဝ အကုန်အကျခံကာ ဆောက်လုပ် လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ဆေးရုံအတွင်းလိုအပ်သော စက်ပစ္စည်း ကိရိယာများနှင့် လူနာခုတင်များအတွက် ငွေကျပ် သိန်းပေါင်း ၁၇ဝဝ ကျော်ကို သီတဂူဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရက အကုန်အကျခံကာ လှူဒါန်းခဲ့ခြင်းဖြစ်သည်။မျက်စိဝေဒနာရှင်များအား ဧပြီ ၃ ရက်မှစတင်၍ မျက်စိ ဆရာဝန်ကြီးများက အခမဲ့ကုသပေးလျက်ရှိရာ ယနေ့အထိ မျက်စိခွဲသည့် လူနာပေါင်း ၁ဝဝ ကျော်နှင့် မျက်စိရောဂါ ဝေဒနာရှင်ပေါင်း ၁၄ဝဝ ခန့်အား ကုသပေးလျက်ရှိကြောင်း၊ မျက်စိဝေဒနာရှင်များအတွက် မျက်မှန်နှင့်ဆေးဝါး များကို အခမဲ့တာဝန်ယူကုသပေးလျက်ရှိကြောင်း သိရသည်။
မေသူလွင် (မကွေးကိုယ်ပွား)
MOI Webportal Myanmar
Subscribe to:
Post Comments (Atom)
No comments:
Post a Comment