အီလက်ထရွန်နစ်ထီစနစ် လုပ်နိုင်ရန် ပညာရှင်များကို ဖိတ်ခေါ်မည်
အောင်ဘာလေ ဥပဒေ ပြဋ္ဌာန်းပြီးပါက အီလက်ထရွန်နစ် ထီစနစ် လုပ်နိုင်ရန် ယခုအချိန်မှစပြီး ထီပညာရှင်များကို ခေါ်ယူမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။
“ကမ္ဘာ့ဘဏ်ကလို ပညာရှင်တွေ ခေါ်ပြီး သူတို့ရဲ့ အကြံဉာဏ်ယူပြီး e-Lottery စနစ်စမယ်။ အီလက်ထရွန်နစ် ထီက ဒီနှစ်အတွင်း စနိုင်မယ်”ဟု ယင်းဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောကြားသည်။
အဆိုပါ ထီစနစ်စတင်ရန် ပြည်တွင်း ပြည်ပ ကုမ္ပဏီများကို တင်ဒါခေါ်မည်ဖြစ်ပြီး လက်ရှိတွင် စင်ကာပူ၊ မလေးရှား၊ တရုတ်နှင့် အမေရိကန် ထီကုမ္ပဏီများက လုပ်ဆောင်ရန် အောင်ဘာလေ သိန်းဆုဌာနသို့ ကမ်းလှမ်းထားမှုများရှိကြောင်း ယင်းဌာနထံမှ သိရသည်။
လက်ရှိ ကျင့်သုံးနေသည့် လက်မှတ် ထီစနစ်မှာ ဆိုင်ခန်းခ၊ ကြော်ငြာခနှင့် ဈေးအတက်အကျ ရှိသော်လည်း အလုပ်အကိုင်များများ ဖန်တီးပေးနိုင်ကြောင်း၊ ဝန်ထမ်းများမှာလည်း ထီလက်မှတ် ရောင်းချခြင်းကြောင့် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိခြင်းများရှိကြောင်း၊ e-Lottery လုပ်ပါက အခြေခံ လူတန်းစားတို့၏ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးခြင်းဖြစ်နိုင်သောကြောင့် စနစ်နှစ်ခုလုံးကို ချိန်ညှိပြီး ဆောင်ရွက်ရမည်ဖြစ်ကြောင်း ထီလုပ်ငန်းလုပ်ကိုင်သူ ဦးမြင့်ဌေးက ပြောဆိုသည်။
လက်ရှိတွင် ကျပ် ၂၀ဝ တန်ထီ၊ ကျပ် ၅၀ဝ တန်ထီတို့ကို ရောင်းချနေပြီး အီလက်ထရွန်နစ်စနစ် လုပ်လျှင်လည်း လက်မှတ်နှင့် ရောင်းချသည့်စနစ်ကို ဖျက်သိမ်းမည် မဟုတ်ကြောင်း အောင်ဘာလေ သိန်းဆုဌာနခွဲထံမှ သိရသည်။
The Voice
Subscribe to:
Post Comments (Atom)
No comments:
Post a Comment