အီဂျစ်ရှေးရိုးစွဲ ခရစ်ယာန်ဘာသာဝင်များ၏ ဘုရားကျောင်းများ ဗုံးဖောက်ခွဲတိုက်ခိုက်ခံရမှုကြောင့် လူ ၄၄ ဦး သေဆုံး
ကိုင်ရို ဧပြီ ၁ဝ
အီဂျစ်နိုင်ငံရှိ ခရစ်ယာန်ဘာသာဝင်များ အထွတ်အမြတ်ပြုရာ ကော့ပ်တစ်ပုပ် အမည်ရှိ ကက်သီဒရယ်ဘုရားရှိခိုးကျောင်းနှင့် ဘာသာ ရေးနယ်မြေနှစ်ခုတို့ကို ပစ်မှတ်ထား၍ ဗုံးခွဲ တိုက်ခိုက်မှုများဖြစ်ပွားခဲ့ရာ ၄၄ ဦးထက်မနည်း သေဆုံးခဲ့ ရကြောင်း၊ ယင်းဗုံးဖောက်ခွဲတိုက် ခိုက်မှုများကြောင့် အီဂျစ်နိုင်ငံသား ခရစ် ယာန်ဘာသာဝင်များ ထိတ်လန့်ခြင်းနှင့် ဒေါသဖြစ်မှုများဖြစ်ခဲ့ရပြီး အီဂျစ် အစိုးရက လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုးမြှင့်ချထား ရကြောင်း၊ သက်တမ်း သုံးလ ရှိအရေး ပေါ်အခြေအနေကိုလည်း အစိုးရက ထုတ်ပြန် ကြေညာ လိုက်ကြောင်း ဒေသဆိုင်ရာ သတင်း ဌာနများက ဧပြီ ၁ဝ ရက်တွင် သတင်းထုတ်ပြန် သည်။
လူရာပေါင်းများစွာ ထိခိုက်ဒဏ်ရာရ စေသော တိုက်ခိုက်မှုများဖြစ်ပြီး ကော့ပ် တစ် ခရစ်ယာန်ဘုရားရှိခိုးကျောင်း နှစ်ကျောင်းတွင် ဗုံးဖောက်ခွဲမှုကို မိမိတို့ လုပ်ဆောင်ခဲ့သည်ဟု အစ္စလာမ္မစ်နိုင်ငံ ထူထောင်ရေးအဖွဲ့(အိုင် အက်စ်)က ကြေညာခဲ့သည်။ အလက်ဇန္ဒြားယား မြို့နှင့် တန်တာမြို့တို့တွင် ဗုံးဖောက်ခွဲ တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီး အီဂျစ်နိုင်ငံသား ခရစ်ယာန် ဘာသာဝင်များ၏ ခရစ်တော်ပြန်လည် ရှင်သန်ထမြောက်သည့် နေ့ရက်မတိုင်မီတွင် ပြုလုပ်သည့် ဘာသာရေးဆိုင်ရာ ပွဲတော် အခမ်းအနားကျင်းပသည့်နေ့တွင် ဗုံးဖောက် ခွဲမှုများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ခရစ်ယာန် ဘာသာဂိုဏ်းချုပ်သာသနာပိုင် ပုပ်ရဟန်းမင်း ကြီး ဖရန်စစ်သည် ဧပြီလနှောင်းပိုင်းတွင် အီဂျစ်နိုင်ငံသို့ လာရောက်ရန် စီစဉ်ထားချိန် အတွင်း အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခြင်း ဖြစ်သည်။
ပြန်ကြားရေးဝန်ကြီးဋ္ဌာန
Monday, April 10, 2017
Subscribe to:
Post Comments (Atom)
No comments:
Post a Comment