မိုက်ကယ်နဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာအချက် (၅) ချက်
နိုင်ငံတော်ကပေးတဲ့ တစ်နေ့တစ်ထောင်နဲ့ မိုက်ကယ်မလောက်ပါဘူး။
၁ - မိုက်ကယ်ရဲ့မွေးချင်းများ
မိုက်ကယ်မှာ မွေးချင်းခွေးတွေ ရှိပါတယ်။ ရမ်ဘို၊တိုက်ဂါး၊ ဘရက်ပစ်၊ ဘိုမနဲ့ ဂျက်မဆိုတဲ့ မွေးချင်းတွေ ရှိတာ ဖြစ်ပါတယ်။ သူတို့မောင်နှမတွေအကုန်လုံး မြန်မာနိုင်ငံကို အတူတူရောက်လာတာပါ။ မိုက်ကယ့်ညီရမ်ဘိုက နေပြည်တော် မိုင်းရှင်းတပ်စုမှာ နာမည်ကြီးပါ။ အကိုက်လည်းကြမ်းပါတယ်။ သူ့အစ်ကိုရမ်ဘိုနဲ့မတည့်ပါဘူး။ တွေ့တိုင်းကိုက်ကြပါတယ်။ ဘိုမကတော့ မန္တလေးမိုင်းရှင်းတပ်စုမှာပါ။ ကျန်မွေးချင်းတွေကတော့ မိုက်ကယ့်အရင် သွားနှင့်ကြပါပြီ။
၂ - မိုက်ကယ်အိုဝင်နဲ့ ပွဲပေါင်း ၆၀၀
မိုက်ကယ်ရဲ့ နာမည်အပြည့်အစုံက မိုက်ကယ်အိုဝင်ပါ။ သခင်ဖြစ်သူ ဒုတပ်ကြပ်အောင်ဖိုက်က တစ်ချိန်က အင်္ဂလန်လက်ရွေးစင်ရှေ့တန်းတိုက်စစ်မှုး မိုက်ကယ်အိုဝင်ရဲ့ နာမည်ကို ပေးထားတာပါ။ မိုက်ကယ်ဟာ နိုင်ငံတော်ပွဲပေါင်း ၆၀၀ ခန့်မှာ မိုင်ရှာပေးပြီး တိုင်းပြည်ကို အလုပ်အကျွေးပြုခဲ့သူ ဖြစ်ပါတယ်။
၃ - လစာနဲ့ သခင်ထက်ကြီးတဲ့ရာထူး
မိုက်ကယ်ရဲ့ကိုယ်ပိုင်အမှတ်က ကြည်း ၁၁၆ ဖြစ်ပြီး လစာ တစ်နေ့ ၁၀၀၀ ကျပ်နဲ့ တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါတယ်။ တပ်ကြပ်ကြီးအဖြစ်ခန့်အပ်ခံရသူဖြစ်ပြီး သခင်ဖြစ်သူအောင်ဖိုက်က ဒုတပ်ကြပ်အဆင့်ပဲ ရှိတာကြောင့် သခင်ထက် ရာထူးကြီးသူလည်း ဖြစ်ပါတယ်။
၎ - မိုက်ကယ်ရဲ့ ဂန္တဝင်ပွဲ
မိုက်ကယ်ရဲ့ ဂန္တဝင်တွင်တဲ့ ပွဲကတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရရုံးအတွင်းမှာ ထားရှိထားတဲ့ ဗုံးတွေကို ရှာဖွေနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါအချိန်က M 150 ဗုံးတွေ ရန်ကုန်ရဲ့ နေရာအချို့မှာ ပေါက်ကွဲမှုတွေဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် တိုင်းဒေသကြီးအစိုးရရုံးအတွင်းက M 150 ဗုံးတွေကို မိုက်ကယ်က အချိန်မီတားဆီးပေးခဲ့ပါတယ်။
၅ - လစာမလောက်တဲ့ မိုက်ကယ်
နိုင်ငံတော်ကပေးတဲ့ တစ်နေ့တစ်ထောင်နဲ့ မိုက်ကယ်မလောက်ပါဘူး။ ကြက်သားတစ်နေ့ ၁၅ ကျပ်သားနဲ့ဆန်ပြုတ်သောက်ပါတယ်။ ကြက်ဥပြုတ်စားပါတယ်။ မိုက်ကယ်က ရယ်ဒီမိတ်စာ မစားပါဘူး။ သခင်ဖြစ်သူ အောင်ဖိုက်က ရဲတပ်ဖွဲ့မှာ မိုက်ကယ့်အတွက် တိုးတောင်းတာကြောင့် ၂၆၀၀ ရလာပါတယ်။ ဒါပေမယ့်လည်း မိုက်ကယ့်လိုခွေးတစ်ကောင်ရဲ့ တစ်နေ့စားနှုန်းက ၅၀၀၀ လောက်ရှိပါတယ်။ "လူတောင်အခွင့်အရေး အပြည့်အဝမရတာ ခွေးဆိုပိုဆိုးတာပေါ့" လို့ သခင်ဖြစ်သူအောင်ဖိုက်ကပြောထားကြောင်း ပြည်တွင်းသတင်းစာကြီးတစ်စောင်မှာ ရေးသားထားပါတယ်။
Photos & Source: 7Day Daily, Lay Kyi Phyu:Duwun
Subscribe to:
Post Comments (Atom)
No comments:
Post a Comment