Latest News

Saturday, April 29, 2017

တက္ကစီ တစ်သောင်းဖိုး အလကားစီးဖို့

တက္ကစီ တစ်သောင်းဖိုး အလကားစီးဖို့



မြန်မာနိုင်ငံကို အမေရိကန်အခြေစိုက် အငှားယာဉ်ဝန်ဆောင်မှု ကုမ္ပဏီတစ်ခုဖြစ်တဲ့ “Uber” ရောက်ရှိလို့လာပါပြီ။ “ရောက်ရောက်ခြင်း စောက်နဲ့ထွင်း” ဆိုသလို Uber က သူရဲ့ အယ်ပလီကေးရှင်းကို အသုံးပြုပြီး တက္ကစီငှားစီးတဲ့သူတိုင်းကို အခမဲ့ တစ်သောင်းဖိုး ပေးစီးပါတယ်။ လူတော်တော်များများက အယ်ပလီကေးရှင်းကနေ တက္ကစီငှားစီးရမယ်ဆိုရင်တော့ နည်းနည်းတွန့်သွားတတ်ပေမယ့် Uber ကိုအသုံးပြုရတာ အရမ်းကြီး မခက်ခဲပါဘူး။

အခုလိုတက္ကစီငှားစီးတဲ့ အယ်ပလီကေးရှင်းတွေ ရန်ကုန်မှာရှိနေတာ သုံးလေးခုလောက်ရှိပါပြီ။ နိုင်ငံတွင်းက ကုမ္ပဏီတွေဖြစ်တဲ့ Hello Cab, Oway Ride, Go Taxi တို့ရှိသလို စင်ကာပူက နာမည်ကြီး Grab လည်း ရှိနေပါတယ်။

Uber ကိုအခမဲ့တစ်သောင်းဖိုးဘယ်လိုစီးမလဲ

ပထမဆုံး Play Store ကနေ Uber App ကို ဒေါင်းလုတ်ဆွဲပါမယ်။ iOS သမားတွေကတော့ Uber ဆိုပြီးပဲရိုက်ရှာလိုက်ပါ။ အဖြူအောက်ခံမှာ အမည်းလေးထောင့်ပုံလေးနဲ့ သိသာထင်ရှားပါတယ်။ ဒေါင်းလုတ်ဆွဲပြီး Install လုပ်ရတာလည်း လွယ်ပါတယ်။ အင်တာနက်ဖွင့်ထားပြီး ကိုယ့်ရဲ့ဖုန်းနံပါတ်ကို Uber အယ်ပလီကေးရှင်းမှာ ရိုက်ထည့်လိုက်။ ခဏနေရင် Code လေးလုံးဖုန်းကိုပြန်ပို့ပေးတယ်။ အဲ့ဒါလေး ရိုက်ထည့်လိုက်တာနဲ့သုံးလို့ရပါပြီ။

Android (ဒီမှာဒေါင်းပါ)
iOS (ဒီမှာဒေါင်းပါ)
Free စီးဖို့အတွက် ပရိုမိုးရှင်း Code လိုပါတယ်။ အောက်ကပုံလေးတွေ အတိုင်းလုပ်ကြည့်ပါ။ ဘယ်ဘက်ထောင့်အပေါ်ဆုံးမှာ Menu ရှိပါတယ်။ နှိပ်လိုက်ပါ။ အောက်ကလို ကျလာပါမယ်။
ပြီးရင် Payment ထဲက Promotion ကိုနှိပ်ပါ။
—->>>>> Code တောင်းရင် “yangonmaytest” ဆိုတာကို အကုန်အသေး (ဒါမှမဟုတ်) အကြီး ရိုက်ပါ။ <<<<<——
အိုကေ Uber ကိုတစ်သောင်းဖိုး Free စီးလို့ရပါပြီ။

ငှားစီးနည်း

ငှားစီးရတာလည်း လွယ်ပါတယ်။ Uber ကိုဖွင့်လိုက်တာနဲ့ ကိုယ်ရောက်နေတဲ့နေရာကိုပြပြီးသား။ သွားချင်တဲ့နေရာကို Set Location on Map  နဲ့ မြေပုံပေါ်မှာထောက်လိုက်။ ပြီးရင် Done ကိုနှိပ်။ ကိုယ့်ဆီကားရိုက်မယ့်ခန့်မှန်းအချိန်ရယ်၊ လက်ရှိကားရှိနေရမယ့်နေရာရယ်ကို မြေပုံပေါ်မှာတွေ့နေရမယ်။ ပြီးမှ Request Uber ကိုနှိပ်လိုက် တက္ကစီကားမောင်းတဲ့သူက ကိုယ့်ကိုဖုန်းဆက်လာလိမ့်မယ်။ ကိုယ်ရောက်နေတဲ့နေရာကို နည်းနည်းအတည်ပြုပေးလိုက်။ ပြီးရင်တော့ အေးစိမ့်နေတဲ့ အဲယားကွန်းနဲ့ Free စီးပေတော့။

ခရီးစဉ်အစ၊အဆုံး အင်တာနက်ဖွင့်ထားဖို့တော့ လိုပါတယ်။ ကိုယ့်ရဲ့ခရီးစဉ်ပြီးဆုံးသွားရင် အယ်ပလီကေးရှင်းကနေ ပြီးဆုံးသွားကြောင်း နှိပ်လိုက်ပါ။ ကျသင့်ငွေထွက်လာပါမယ်။ ကိုယ်တွေက ပရိုမိုးရှင်းနဲ့ဆိုတော့ 0 ကျပ်ပေါ့။ သိထားရမှာ တစ်ခုတော့ ရှိပါတယ်။ တစ်ချို့ Uber ကားသမားတွေက ပုံမှန်စီးတာပဲထင်ပြီး ပိုက်ဆံတောင်း တတ်ကြတယ်။ အဲ့ဒီအချိန်ကျရင် ဖုန်းကနေ ပရိုမိုးရှင်းနဲ့စီးတာလေးကိုပြလိုက်။ “အိုကေ အိုကေ” နဲ့ဖြစ်သွားရော။ အားနာစရာမလိုဘူးနော်။ ကုမ္ပဏီဆီက သူတို့ပိုက်ဆံရပြီးသား။

ပြသာနာက Uber ကားအစီးရေနည်းနေသေးတယ်။ နောက်ပြီး ဒီရက်ပိုင်းက Free ကြိတ်လို့ရတယ်ဆိုတော့အခရာအဖွဲ့သားတွေတောင် အလုအယောက်ငှားနေရပါတယ်။ Uber ရဲ့ တက္ကစီစတုဒီသာက မေလ ၅ ရက်နေ့အထိပဲဆိုတော့ မြန်မြန်သာငှားစီးကြပေတော့။

မင်းသုခ (အခရာ)

No comments:

Post a Comment