Latest News

Friday, April 21, 2017

ဒူးဒဏ်ရာကြောင့် အီဘရာဟီမိုဗစ် ရာသီကုန်အထိအနားယူရမည်

ဒူးဒဏ်ရာကြောင့် အီဘရာဟီမိုဗစ် ရာသီကုန်အထိအနားယူရမည်


မန်ယူအသင်း၏ အဓိက တိုက်စစ်မှူး အီဘရာဟီမိုဗစ်သည် အန်ဒါလက်ခ်ျကိုအနိုင် ရခဲ့သော ယူရိုပါလိဂ်ကွာတားဖိုင်နယ် ဒုတိယ အကျော့ပွဲတွင် ရရှိခဲ့သည့် ဒူးဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရမည်ဖြစ်ကြောင်း Daliy Mail သတင်းစာက ဖော်ပြခဲ့သည်။

အဆိုပါပွဲတွင် အီဘရာဟီမိုဗစ်သည် ပွဲပြီးခါနီးအချိန်၌ ခေါင်းခုန်တိုက်ရာမှ ပြန် အကျတွင် ဒူးဒဏ်ရာပြင်းထန်စွာရရှိခဲ့ခြင်း ဖြစ်ပြီး မာစီယဲလ်နှင့်လူစားလဲခံခဲ့ရသည်။ အသက်(၃၅)နှစ်အရွယ်ရှိပြီဖြစ်သူ အီဘရာ ဟီမိုဗစ်သည် ယခုရာသီတွင် မန်ယူအသင်း အတွက် ခြေစွမ်းပြဂိုးများသွင်းယူနေပြီး ပြိုင် ပွဲစုံ၌ (၄၁)ပွဲကစား (၄၁)ဂိုးသွင်းယူထားသ လို ဂိုးဖန်တီးမှု(၉)ကြိမ်၊ အခွင့်အရေးဖန်တီးမှု(၈၈)ကြိမ်အထိ ပြုလုပ်ပေးခဲ့သည်။ သို့ဖြစ်ရာ ယခု ဒဏ်ရာကြောင့် အီဘရာဟီမိုဗစ် ရာသီကုန်အထိ အနားယူရတော့မည်ဖြစ်၍ ယူရိုပါလိဂ် ဖလားရယူရန်နှင့် ပရီးမီးယားလိဂ်တွင်အဆင့်လေးအတွင်းဝင်ရန် ပစ်မှတ်ထားနေသော မန်ယူအသင်းအတွက် ကြီးမားသည့် ထိုးနှက်ချက်ဖြစ်ခဲ့ကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။

ထို့ပြင် အန်ဒါလက်ခ်ျနှင့် ပွဲတွင် နောက်ခံလူ ရိုဟိုမှာလည်း ဒူးဒဏ်ရာ ရရှိခဲ့သဖြင့် လက်ရှိအချိန်၌ မန်ယူအသင်း တွင် အီဘရာဟီမိုဗစ်၊ ရိုဟိုတို့အပါအ၀င် ကစားသမား (၆)ဦးအထိ ဒဏ်ရာပြဿနာနှင့် ရင်ဆိုင်နေရ
ကြောင်း သိရသည်။

Eleven Sports

No comments:

Post a Comment