Latest News

Friday, April 7, 2017

ပုသိမ် စက်လှေတိုက်မှု လူ ၂၀ သေဆုံး

ပုသိမ် စက်လှေတိုက်မှု လူ ၂၀ သေဆုံး

ငပုတောမြို့နယ်၊ ရခိုင်ကုန်းကျေးရွာ သမန်ချောင်းရွာမှ လူများသည် ပုသိမ်ဟိုတယ် မင်္ဂလာဆောင်ပြီး အပြန်တွင် ပုသိမ်၊ ငဝန်မြစ်အတွင်း ကျောက်သယ်သဘောင်္နှင့် တိုက်မှုဖြစ်ပွားခဲ့ကြောင်း ပုသိမ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးဝင့်မြင်းထူးက မီဒီယာများသို့ပြောသည်။

"ပုသိမ်ဟိုတယ် မင်္ဂလာဆောင်အား လာရောက်ပြီးအပြန် ရခိုင်ကုန်းကျေးရွာသို့ပြန်သည့်ငွေကြယ်ပွင့်စက်လှေမှ ပုသိမ်မြို့၊ကြက်တန်းကူးတို့ဆိပ်ကထွက်ပြီး ငဝန်မြစ်လယ်မရောက်ခင် ကျောက်တင်သင်္ဘောနဒီရွှေစင် တိုက်မိပြီး လူသုံးဆယ်ကယ်ဆယ်ထားပြီး၊သေဆုံးသူနှစ်ဆယ်ရရှိထားကြောင်း”ပုသိမ်ခရိုင်ရဲတပ်ဖွဲ့မှူးဒုရဲမှူးဝင်းမြင့်ထူးက မီဒီယာများသို့ပြောသည်။

ငွေကြယ်ပွင့်စက်လှေပေါ်တွင် အမျိုးသား၂၆ ဦး၊ အမျိုးသမီး ၄ ဦးအသက်ရှင်ပြီး အမျိုးသား ၄ ဦး၊အမျိုးသမီး ၁၆ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

ဧပြီလ ၇ ရက်နေ့၊ ည ၇နာရီ၂၀မိနစ်တွင် ငဝန်မြစ်အတွင်း စက်လှေနှင်ါ သဘောင်္ တိုက်မိခဲ့ပြီး ငွေကြယ်ပွင့်သဘောင်္ပေါ်တွင် ခန့်မှန်းလူဦးရေ ၆၀ ခန့် လိုက်ပါကြောင်း သိရှိရသည်။

ငဝန်မြစ်အတွင်း တိုက်မှုကြောင့် သင်္ဘောနှင့် စက်လှေ မောင်းသူ ဆလင်နှစ်ယောက်လုံးအား ပုဒ်မ ၃၀၂/၃၃ ၇/၂၈၀ဖြင့် ပုသိမ်မြို့အမှတ်-၂ ရဲစခန်းတွင် ရဲမှ တရားလိုပြု အမှုဖွင့်ထားကြောင့်သိရှိရပြီး၊ ကျောက်သယ်သဘောင်္ဆလင်အား ဖမ်းဆီးထားပြီးဖြစ်သည်။

သေဆုံးသူများ လက်ဝတ်ရတနာများအား ချိတ်ပိတ်သိမ်းဆည်းထားပြီး မိသားစုဝင်များ လာရောက်ရင် ပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူးက ပြောသည်။မဇ္ဈိမ

   

No comments:

Post a Comment