Latest News

Thursday, April 27, 2017

ချောင်းဆုံ-မော်လမြိုင်ဆက်သွယ်ထားသည့် ဗိုလ်ချုပ်အောင်ဆန်း တံတား(ဘီလူးကျွန်း) သွားလာခွင့်ပြုသည့်အတွက် ပြည်သူများ ပျော်ရွှင်စွာဖြတ်သန်း

ချောင်းဆုံ-မော်လမြိုင်ဆက်သွယ်ထားသည့် ဗိုလ်ချုပ်အောင်ဆန်း တံတား(ဘီလူးကျွန်း) သွားလာခွင့်ပြုသည့်အတွက် ပြည်သူများ ပျော်ရွှင်စွာဖြတ်သန်း


ချောင်းဆုံ ဧပြီ ၂၇

မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ချောင်းဆုံမြို့နယ်တို့သို့ ဆက်သွယ်ထား သည့် ဗိုလ်ချုပ်အောင်ဆန်းတံတား (ဘီလူးကျွန်း)ကို ဧပြီ ၂၇ ရက် နံနက် ၉ နာရီ ၄၅ မိနစ်က သွားလာခွင့်ပြုသည့်အတွက် ဒေသခံပြည်သူများနှင့် ချောင်းဆုံမြို့နယ်သို့ လာရောက်လည်ပတ်ကြသူများအနေ ဖြင့် ပျော်ရွှင်စွာ ဖြတ်သန်းသွားလာ လျက်ရှိသည်။

''ဒီတံတားကြီးဖွင့်လိုက်လို့ ဒေသခံ တစ်ဦးအနေနဲ့ အတိုင်းမသိဝမ်းသာ မိတယ်။ တခြားမြို့နယ်တွေနဲ့လည်း သွားလာရတာ လွယ်ကူမြန်ဆန် လာတယ်။ ပိုအဆင်ပြေလွယ်ကူတာပေါ့။ အရင်ကဆိုရင် မော်လမြိုင် သွားဖို့တောင် အချိန်တွေအများကြီး ပေးရတယ်။ ရေကြောင်း၊ ကုန်းကြောင်း သွားရတာဆိုတော့ ခရီးတွေက ဝေးနေသလိုပဲ။ အခုတံတားကြီးရှိတော့ အချိန်ကုန်သက်သာပြီး သွားလာရေး ပိုအဆင်ပြေလာတယ်''ဟု ချောင်းဆုံမြို့နယ်နေ ဒေသခံ ဒေါ်အိအိသိန်းက ပြောသည်။

''တံတားကြီး အပြီးတိုင်ဖွင့်လှစ်ပြီး ပြီဆိုရင်တော့ မြို့နယ်မှာရှိတဲ့ ဒေသကျေးရွာတွေပါ ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်တယ်။ နောက်ပြီး စီးပွားရေး၊ လူမှုရေး၊ ကူးသန်းရောင်းဝယ်ရေး ပါမကျန် အများကြီး ဖွံ့ဖြိုးတိုးတက် လာမယ်ဆိုတော့ အတိုင်းမသိ ဝမ်းသာမိပါတယ်''ဟု မြို့မိမြို့ဖ ဦးခင်မောင်ဦးက ပြောသည်။

အဆိုပါတံတားမှာ ခံနိုင်ဝန်အား စစ်ဆေးသည့် ကာလဖြစ်သည့်အတွက် ပြည်သူများ သွားလာရေးအဆင်ပြေ စေရန်နှင့် ကုန်စည်ကူးသန်းရာတွင် အဆင်ပြေစေရန်အတွက် ဧပြီ ၂၇ ရက်မှ မတ် ၅ ရက်အထိ နံနက် ၅ နာရီမှ ည ၁ဝ နာရီထိ ဖြတ်သန်း သွားလာခွင့် ပြုထားပြီးဖြစ်ကာ တံတားဖွင့်လှစ်ပွဲပြီးပါက အချိန်ပြည့် သွားလာခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

No comments:

Post a Comment