Latest News

Monday, April 10, 2017

အာရှဖလားအမျိုးသမီးခြေစစ်ပွဲအောင်ရန် မြန်မာနှင့်ဗီယက်နမ် ယနေ့အဆုံးအဖြတ်ကစားမည်

အာရှဖလားအမျိုးသမီးခြေစစ်ပွဲအောင်ရန် မြန်မာနှင့်ဗီယက်နမ် ယနေ့အဆုံးအဖြတ်ကစားမည်

ဟနွိုင်း ဧပြီ ၁ဝ

ဗီယက်နမ်နိုင်ငံ၌ ကျင်းပလျက်ရှိသည့် အာရှဖလား အမျိုးသမီးခြေစစ်ပွဲ အုပ်စု(ဃ) နောက်ဆုံးနေ့ကို ဧပြီ ၁၁ ရက် (ယနေ့)တွင် ဆက်လက်ကျင်းပမည် ဖြစ်ပြီး ခြေစစ်ပွဲအောင်မြင်ရန် မြန်မာနှင့်အိမ်ရှင် ဗီယက်နမ်တို့ အဆုံးအဖြတ် ကစားရမည်ဖြစ်သည်။

ဧပြီ ၉ ရက်ပွဲစဉ်များအပြီးတွင် မြန်မာနှင့် အိမ်ရှင်ဗီယက်နမ်အသင်းတို့ သုံးပွဲစလုံး အနိုင်ရ ကာ ကိုးမှတ်စီဖြင့် ခြေစစ်ပွဲအောင်မြင်ရန် အဆုံး အဖြတ်ဖြစ် လာမည်ဖြစ်သည်။

ထို့ကြောင့် ယနေ့မြန်မာစံတော်ချိန် ညနေ ၅ နာရီခွဲတွင် ယှဉ်ပြိုင်ကစားမည့် မြန်မာနှင့်ဗီယက်နမ်တို့ပွဲမှာ အရေးပါ လာခဲ့ပြီး ဂိုးကွာခြားချက်တွင် ဗီယက်နမ် က အသာရထားသော ကြောင့် မြန်မာအသင်းအနေဖြင့် အနိုင်ကစားမှသာ ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်သည်။မြန်မာအသင်းသည် အုပ်စုပွဲစဉ်များ တွင် အီရန်ကို နှစ်ဂိုး-ဂိုးမရှိ၊ ဆီးရီးယားကို ၁၄ ဂိုး - ဂိုးမရှိ၊ စင်ကာပူ ကို ခြောက်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ဗီယက်နမ်အသင်းက ဆီးရီးယားကို ၁၁ဂိုး- ဂိုးမရှိ၊ စင်ကာပူကို ရှစ်ဂိုး-ဂိုးမရှိ၊ အီရန်ကို ခြောက်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။

မြန်မာအမျိုးသမီးအသင်းသည် ယခုနောက်ပိုင်းနှစ်များ တွင် ဗီယက်နမ်နှင့်တွေ့ ဆုံရာတွင် နိုင်ပွဲရယူနိုင်ခြင်းမရှိဘဲ နောက်ဆုံးတွေ့ဆုံခဲ့သည့် ၂ဝ၁၆ အာဆီယံ အမျိုးသမီးပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် ပယ်နယ်တီအဆုံးအဖြတ်၌ ရှုံးနိမ့်ခဲ့သည်။ အာရှဖလားပြိုင်ပွဲ နောက်ဆုံးအဆင့်တွင် နောက်ဆုံးနှစ်ကြိမ် ဆက်ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရထားသည့် မြန်မာအမျိုးသမီး အသင်းအနေဖြင့် သုံးကြိမ်ဆက် ယှဉ်ပြိုင်ခွင့်ရရန် ဗီယက်နမ် ကို အနိုင်ကစားရမည်ဖြစ်သည်။

သတင်း- ရဲရင့်ရှိုင်း၊ ဓာတ်ပုံ-MFF

No comments:

Post a Comment