ကသာမြို့ရှိ ဧရာဝတီမြစ်ကမ်းဘေးနှင့် ချောင်းကမ်းပါးအနီးနေထိုင်သူများအား မြို့နယ်မီးသတ်ဦးစီးဌာနမှ စက် လှေများဖြင့် အသိပေး
ရန်ကုန်၊ ဧပြီလ(၂၃)ရက်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ရှိ ဧရာဝတီမြစ်ကမ်းဘေးနှင့် ချောင်းကမ်းပါးအနီး နေထိုင်သူများကို မြစ်ရေတက်နိုင်သည့်အနေအထားနှင့်ပတ်သက်၍ အထူးဂရုပြုနေထိုင်ရန် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြစ်ကြောင်းအတွင်း စက်လှေများဖြင့် အသိပေးနှိုးဆော်မှုများ ဆောင်ရွက်နေကြောင်း သိရသည်။
အဆိုပါ သဘာဝဘေးအန္တရာယ်ကြိုတင်အသိပေးခြင်းကို ကသာမြို့ပေါ်ရပ်ကွက်များနှင့် ဧရာဝတီမြစ်အောက် ပိုင်းမြစ်ကမ်းဒေသရှိ ကျေးရွာဒေသခံများကို လိုက်လံနှိုးဆော်အသိပေးနေခြင်းဖြစ်ကြောင်း သိရသည်။
“နောက်(၂)ရက်ထိ မြစ်ရေတက်မယ်လို့ခန့်မှန်းရပါတယ်။ဗန်းမော်မှာ (၂၃)ရက်မှာ မြစ်ရေ(၄၇၁)စင်တီမီတာ ရှိ တယ်။ကသာဘက်ကို ဆက်တက်နိုင်ပါတယ်။ မြစ်ကမ်းမှာစိုက်ပျိုးလုပ်ကိုင်သူတွေအတွက် သတိထားနေထိုင် သင့်တယ်။မြစ်ရေက မငြိမ်နေတာပါ။”ဟု မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာန၊ ဒုဦးစီးမှူး ဦးဟန်ထက် အောင်က ပြောသည်။
မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ ဧပြီလ(၂၀)ရက်မှ(၂၄)ရက်အထိ တိုင်းထွာချက်အရ အနောက် ဘက်မှရွေ့လျားလာသော လေပွေလှိုင်းအရှိန်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် နေရာကွက်ကြားမှ နေရာ ကျဲကျဲ မိုးထစ်ချုန်းရွာပြီး လေပြင်းများတိုက်ခတ်ခြင်းနှင့် မိုးသီးကြွေခြင်းဖြစ်နိုင်သဖြင့် မြေပြင်လေပြင်သည် တစ်နာရီလျှင် မိုင်(၃၀)မှ(၃၅)မိုင်အထိ တိုက်ခတ်နိုင်ကြောင်းလည်း သိရသည်။
“အရေးပေါ်အခြေအနေဖြစ်လာရင် အမြဲအဆင်သင့်အနေအထားမှာ ရှိနေပါတယ်။မိုးလေဝသထုတ်ပြန်ချက်တွေ ကိုလည်းသတိထားနေပါတယ်။ဆိပ်ကမ်းမြို့ဖြစ်လို့ မြစ်ရေအခြေအနေကို (၂)နာရီခြားတစ်ကြိမ်ယူပြီး သတင်း ပေးပို့နေပါတယ်။”ဟု ကသာမြို့နယ်မီးသတ်ဦးစီးဌာန လက်ထောက်ဦးစီးမှူး လှိုင်ထွန်းက ပြောသည်။
ကသာမြို့ရှိ ဧရာဝတီမြစ်၏ စိုးရိမ်ရေမှတ်ကို (၁၀၄၀)စင်တီမီတာထိ သတ်မှတ်ထားပြီး ၂၀၁၇ခုနှစ်၊ ဧပြီလ(၂၃) ရက်နေ့တွင် (၂၈၅)စင်တီမီတာရှိနေကြောင်း သိရသည်။
နေမျိုးလှရွှေ (မြစ်မခ)
Sunday, April 23, 2017
ကသာမြို့ရှိ ဧရာဝတီမြစ်ကမ်းဘေးနှင့် ချောင်းကမ်းပါးအနီးနေထိုင်သူများအား မြို့နယ်မီးသတ်ဦးစီးဌာနမှ စက် လှေများဖြင့် အသိပေး
ကသာမြို့ရှိ ဧရာဝတီမြစ်ကမ်းဘေးနှင့် ချောင်းကမ်းပါးအနီးနေထိုင်သူများအား မြို့နယ်မီးသတ်ဦးစီးဌာနမှ စက် လှေများဖြင့် အသိပေး
Reviewed by Ar Ti
on
2:42 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment