Latest News

Friday, April 14, 2017

တောင်ကိုရီးယားက မြန်မာကို ဆန်လှူမယ်

တောင်ကိုရီးယားက မြန်မာကို ဆန်လှူမယ်

တောင်ကိုရီးယား အစိုးရက အခု၂ဝ၁၇ ပထမ နှစ်ဝက်အတွင်း မြန်မာနိုင်ငံကို ဆန်တန်ချိန် ၅ဝဝ နဲ့  ကမ္ဘောဒီးယားနိုင်ငံကို ဆန်တန်ချိန် ၂၅ဝ လှူဒါန်းမယ်လို့ မနေ့က ကြေညာလိုက်ပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ ဆန်စားသုံးမှုတနေ့တခြား နည်းပါးလာတဲ့အတွက်  တနှစ်ကို တန်ချိန် ၂ သိန်းကနေ ၃ သိန်းအထိပိုလျှံနေပါတယ်။

အဲဒီပိုလျှံဆန်တွေကို သိုလှောင်ထိန်းသိမ်းစရိတ်အများကြီးကုန်ကျနေတာကြောင့်  တနှစ်ကို အနည်းဆုံး ဆန်တန်ချိန် ၅ သောင်းလောက် တခြားနိုင်ငံတွေကို လှူဒါန်းလိုပါတယ်လို့ တောင်ကိုရီးယား စိုက်ပျိုးရေးဝန်ကြီး Kim Jae-soo ကင် ဂျေဆူး ကပြောပါတယ်။RFA

No comments:

Post a Comment