Latest News

Wednesday, April 26, 2017

လေလံဆွဲသူမရှိသည့် မန်းစည်ပင်လုပ်ငန်း၁၄ ခုကို ဈေးနှုန်းညှိနှိုင်း၍ လုပ်ကိုင်ခွင့်ပေး

လေလံဆွဲသူမရှိသည့် မန်းစည်ပင်လုပ်ငန်း၁၄ ခုကို ဈေးနှုန်းညှိနှိုင်း၍ လုပ်ကိုင်ခွင့်ပေး


မန္တလေးမြို့ စည်ပင် သာယာနယ်နိမိတ်ရှိ လေလံဆွဲ သူမရှိခဲ့သည့် စည်ပင်သာယာ လုပ်ငန်းအချို့ကို ဈေးနှုန်းညှိနှိုင်း ကာ ပုဂ္ဂလိကလုပ်ငန်းရှင်များအား လုပ်ကိုင်ခွင့်ပေးခဲ့ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီဝင် ဦးကျော်ဇော အောင်က ပြောသည်။

ယခုဘဏ္ဍာနှစ်အတွက် စည်ပင်သာယာလုပ်ငန်းများကို ပွင့် လင်းမြင်သာမှုရှိစေရန် အိတ်ဖွင့် တင်ဒါစနစ်ဖြင့် လုပ်ကိုင်ခွင့်များ ပေးအပ်ခဲ့သော်လည်း လုပ်ငန်း ၁၄ ခုကို လေလံဆွဲသူ မရှိခဲ့ပေ။ မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီ၏ လုပ်ငန်းအမျိုးအစားအလိုက် တစ်နှစ်စာလုပ်ကိုင် ခွင့်များကို ဖေဖော်ဝါရီအတွင်း နှစ်ကြိမ်တိုင် လေလံစနစ်ဖြင့် ရောင်းချခဲ့ရာ ဈေးရေချိုးရုံများ၊ အိမ်သာကောက်ခံခွင့်၊ ယာဉ်ရပ်နားခ ကောက်ခံခွင့်၊ အပေါင်ဆိုင် စသည့်လုပ်ငန်းများကို လေလံဆွဲသူ မရှိဖြစ်ခဲ့သည်။

မူလက လေလံဆွဲသူမရှိ သည့် လုပ်ငန်းများကို မြို့တော် စည်ပင်က    လုပ်ကိုင်မည်ဆိုခဲ့ သော်လည်း ယင်းလုပ်ငန်းများကို စိတ်ဝင်စားသည့် လုပ်ငန်းရှင်များ ရှိ၍ ဈေးနှုန်းညှိနှိုင်းကာ လုပ်ကိုင်ခွင့်ပေးခဲ့သည်။

‘‘တချို့ပေးတဲ့ဈေးနှုန်းက ခေါက်ချိုးလောက်ပဲ ပေးတယ်။ အဲဒီမှာမှ ညှိနှိုင်းတိုးတောင်းပြီး စိတ်ဝင်စားတဲ့သူတွေကို လုပ်ခွင့်ပေးခဲ့ပါတယ်။ စည်ပင်ကကိုယ် တိုင်လုပ်နေတဲ့ လုပ်ငန်းမရှိပါဘူး’’ဟု ဦးကျော်ဇောအောင်က ပြော သည်။  မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့သစ်လက်ထက်တွင် စည်ပင်သာယာလုပ်ငန်း လုပ် ကိုင်ခွင့်များကို ယခင်နှစ်ထက် ၁၀ ရာခိုင်နှုန်း ဈေးနှုန်းတိုးမြှင့် ကာ လေလံပစ်ရောင်းချ၍ စည် ပင်သာယာအတွက် အခွန်ငွေအ များအပြား ပိုမိုရရှိခဲ့သည်။

ယခင်ဘဏ္ဍာနှစ်က အခွန် ကျပ် ၈,၈၁၆ သိန်းကျော်သာ ရ ရှိခဲ့သည့် စက်ဘီး၊ ဆိုင်ကယ်၊ ကားအပ်နှံခွင့်လုပ်ငန်း ၁၁ ခုအ တွက် ယခုနှစ်တွင် အခွန်ငွေကျပ် ၁၁,၁၇၁ သိန်းကျော်ရရှိခဲ့၍ ယခင်နှစ်ထက် အခွန်ငွေကျပ် ၂,၃၅၅ သိန်းကျော် ပိုမိုရရှိခဲ့ ကြောင်း အခွန်ဌာနအချက်အ လက်များအရ သိရသည်။

7Day News Journal

No comments:

Post a Comment