နျူကလီးယားတိုက်ခိုက်မှုကြုံတွေ့လာပြီဆိုပါက
ကမ္ဘာတစ်လွှားရှိ နျူကလီးယား လက်နက်ပိုင်ရှင်နိုင်ငံကြီးများက ၎င်းတို့၏ လက်နက်တိုက်ကိုအားဖြည့်တိုးချဲ့ရန် ကြံစည်နေသည်။ အမေရိကန် သမ္မတဒေါ်နယ်ထရန့်က နိုင်ငံ၏ နျူကလီးယား စွမ်းရည်ကို အရေအတွက်အရရော၊ အ ရည်အသွေးအရပါ မြှင့်တင်ရန် စိတ်ကူးထားကြောင်း အတိအလင်း ကြေညာခဲ့သည်။ရုရှားသည် လက်နက်ထိန်းချုပ်ရေး သဘောတူစာချုပ်များကို ချိုးဖောက်ကာ၎င်းတို့၏ နျူကလီးယား လက်နက်များကို အဆင့်မြှင့်နေသည်။ မြောက်ကိုရီးယားတွင်လည်း ကင်မ်ဂျုံအန် လက်ထက်၌ နျူကလီးယား ထိပ်ဖူးတပ်တိုက်ချင်းပစ် ဒုံးကျည်များ ပိုင်ဆိုင်ရနို အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် နိုင်ငံတကာ လက် နက်ရေးရာ သုတေသီများက မှောင်ခို ဈေးကွက်များအတွင်း ရောင်းချနေသည့် ယူရေနီယမ် သတ္တုများကို အကြမ်းဖက် အဖွဲ့အစည်းများက စုဆောင်းဝယ်ယူ ပြီး လိုအပ်သည့် ပမာဏအထိ သန့်စင်နိုင်ခဲ့ပါက နျူကလီးယားလက် နက်များ အဖြစ် ပြောင်းလဲနိုင်မည့် ခြိမ်းခြောက်မှုလည်း ထည့်တွက်ရန် သတိပေးထားသည်။ နျူကလီးယား လက်နက်အားပြိုင် မှုများ တစ်ကျော့ပြန် မြင့်တက်လာသည့်အနေအထားက နျူကလီးယား စစ်ပွဲများနှင့် ပိုမိုနီးစပ်လာစေမည်ဖြစ်သည်။ ဖြစ်နိုင်ခြေ နည်းပါးလွန်း သော်လည်း နျူကလီးယား စစ်ပွဲတစ်ခု ပေါ်ပေါက်လာပြီး မိမိနေထိုင်ရာမြို့သို့ နျူဗုံးတစ်လုံး ကျရောက်ခဲ့သည်ဟု တွေးကြည့်ပါက အခြေခံ အကျဆုံး မေးခွန်းထုတ်စရာသည် မိမိအနေဖြင့် ထိုအခြေအနေတွင် အသက်ရှင် လွတ်မြောက်နိုင်ခြေ ရှိ၊ မရှိဆို သော အချက်ပင်ဖြစ်သည်။ လောရင့်စ် လစ်ဗာမော အမျိုးသားဓာတ်ခွဲ သုတေသနဌာနမှသုတေသီ မိုက်ကယ်ဒီလန်က နျူကလီးယားတိုက်ခိုက်မှုတစ်ခု ကြုံတွေ့လာချိန်တွင် လက်တွေ့ကျင့်သုံးသင့်သည့် အချက်အလက်များကို လေ့လာဆန်းစစ်ဖော်ထုတ်ခဲ့သည်။
နျူကလီးယား ကပ်ဘေးနှင့် ကြုံပါက လွတ်မြောက်ရန် ခဲယဉ်းလှသည့်တိုင် မိမိ၏ အသက်ရှင် ရပ်တည်ရေးအတွက် ဆောင်ရန် အချက်အလက်အချို့ကို နား လည်ထားသင့်ကြောင်း ဒီလန်က အကြံပြုရှင်းပြခဲ့သည်။
ဖြစ်နိုင်ခြေ
မြို့ကြီးပြကြီး တစ်ခုတွင် ၀ ဒသမ ၁ မှ ၁၀ ကီလိုတန်ကြား အားပျော့သည့် နျူကလီးယား ပေါက်ကွဲမှုတစ်ခု ဖြစ်ခဲ့သည်ဆို ပါက မိမိရှိနေသည့် နေရာနှင့် ဝေးလံနေလျှင် အသက်ရှင် ရုန်းကန်ခွင့်ရှိမည်ဖြစ်သည်။ ဟီရိုရှီးမား တွင် အမေရိကန်လေတပ်က ကြဲချခဲ့သော ဗုံးမှာမူ ၁၅ ကီလိုတန် ပြင်းအားရှိသည်။ ဖြစ်နိုင်ခြေများကို တွက်ချက်ပါက ကိုယ်တိုင်အပါ အဝင် လူပေါင်းတစ်သိန်းမျှ အ သက်ရှင်နိုင်မည့် အခွင့်အရေးကို မျှော်လင့်နိုင်ကြောင်း ဒီလန်ကသုံးသပ်ထားသည်။ အရေးအကြီး ဆုံးအချက်မှာ နျူကလီးယားဗုံး ပေါက်ကွဲပြီး နောက်ဆက်တွဲဖြစ် လာမည့် Fallout ခေါ် ရေဒီယို သတ္တိကြွ အမှုန်အမွှားအစအန များကို ရှောင်ရှားရန် ဖြစ်သည်။
Falloutများကို ရှောင်ရှားခြင်း
ဗုံးအစိတ်အပိုင်းများ၊ ရေဒီယိုသတ္တိကြွ မြေသားနှင့် အပျက်
အစီးများ အားလုံးသည် ရုတ် တရက် အငွေ့ပြန်သွားပြီး ရေဒီယို သတ္တိကြွ အမှုန်အမွှားများအဖြစ် ပြောင်းလဲသွားနိုင်သည်။ ထိုအမှုန်အမွှားများကို Fallout ဟု ခေါ်သည်။ နျူကလီးယား ဗုံးပေါက်ကွဲသည့်အရှိန်ဖြင့် တွန်းကန်ထွက် လာသည့် လေစီးကြောင်းများက မြို့ကြီးတစ်မြို့အတွင်း Fallout အမှုန်များကို လျင်မြန်စွာ ပျံ့နှံ့ သွားစေမည်ဖြစ်သည်။
နျူကလီးယား အမှုန်များ လေထဲတွင် လွင့်ပါလာပါက နီးစပ်ရာ မိုးလုံလေလုံ အဆောက် အအုံထဲ မြန်မြန်ဆန်ဆန် ဝင် ရောက် ပုန်းခိုနေသင့်ကြောင်း အမေရိကန်အစိုးရက အကြံပြုထားသည်။ သို့သော် နယူးယောက် ကဲ့သို့ မြို့ကြီးများတွင်ပင် အရည်အသွေး အားနည်းသည့် ပုန်းခိုစရာ အဆောက်အအုံများ ရှိနေသည်။ထို့ကြောင့် ခိုင်မာတောင့်တင်းသည့် နံရံများရှိနေသော ခိုလှုံရာမျိုးကို ရွေးချယ်ရန် အရေးကြီးသည်။
ဒီလန်က ဗုံးခိုဘန်ကာများ တည်ဆောက်သည့် ပုံစံအတိုင်း ထူထပ်သော အုတ်နံရံ၊ ကွန်ကရစ် အကာအရံများ အသုံးပြုထားပြီး ပြတင်းပေါက်များ မရှိသည့် နေရာမျိုးသည် အသင့်တော်ဆုံးဟု ထောက်ခံထားသည်။ ငါးထပ်တိုက်တစ်လုံးကို တည်ဆောက် ရန် ဖောင်ဒေးရှင်း ခံထားသည့် နေ ရာမျိုးမှ မြေအောက်ခန်းထဲတွင် ပုန်းခိုနေပါက Fallout အမှုန်များ နှင့် ထိတွေ့မှုကို သာမန်ထက် အပုံ ၂၀၀ လျှင် ၁ ပုံပမာဏအထိ လျှော့ချနိုင်မည်ဟု သိရသည်။
ဆက်နေရန်နှင့် ပုန်းခိုနေရန်
၂၀၁၄ တွင် ဒီလန်က ဖြစ်နိုင် ခြေတိုင်းအတွက် အကောင်းဆုံး ရွေးချယ်နိုင်ခြေများကို ဆန်းစစ်ပြ ခဲ့သည်။ အရှင်းဆုံးနှင့် အခြေခံ အကျဆုံးက နျူကလီးယားဗုံး ပေါက်ကွဲသည့်နေရာနှင့် ကိုယ် တိုင် ပုန်းခိုနေသော နေရာကြား အကွာအဝေးကို တွက်ဆရန်ဖြစ် သည်။
ရေဒီယိုသတ္တိကြွအမှုန်များမည်မျှမြန်မြန် ရောက်လာနိုင် သည်ကို ခန့်မှန်းကာ သင့်တော်သော ရွေးချယ်မှုကို ဆုံးဖြတ်ရမည်ဖြစ်သည်။
ပေါက်ကွဲမှု ဖြစ်ပြီဆိုသည် နှင့် အနီးဆုံးတွင် ရှိနေသော ကြံ့ ခိုင်အားကောင်းသည့်နေရာကို ရှာဖွေ ခိုလှုံပြီး ကယ်ဆယ်သူများ ရောက်လာချိန်ကို စောင့်ဆိုင်းနေ သင့်သည်။ အကယ်၍ မိမိက ပုန်းခိုစရာနေရာနှင့် ၅ မိနစ်မျှ ကွာဝေး သောနေရာတွင် ရှိနေပါက ပေါက်ကွဲမှုဖြစ်သည့်နေရာနှင့် ကြားအကွာအဝေးကို စိတ်မှန်းဖြင့် တွက် ဆသင့်သည်။ ၅ မိနစ်အတွင်း အရောက်သွားနိုင်လျှင် ယင်းကို ရွေးချယ်သင့်သည်။ အနည်းဆုံး ၁၅ မိနစ်ကြာမှ ထိုနေရာသို့ ရောက်မည်ဆိုပါက အကောင်းဆုံး မဟုတ်သည့်တိုင် အတိုင်းအတာတစ်ခုအထိ လုံခြုံမည်ဟု ယူဆရသော နီးရာ အဆောက်အအုံထဲ တွင် ပုန်းခိုနေခြင်းက ပိုမိုသင့် တော်မည်ဖြစ်သည်။
အခြားအကြံပြုချက်များ
ကိုယ်တိုင် အကျပ်အတည်းကြုံသူများရော ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ရမည့်သူများ ပါ ထည့်သွင်းစဉ်းစားရမည့်အ ချက်သည် ကယ်ဆယ်ရေး၊ ကူညီရေးလမ်းကြောင်းများ ဖြစ်သည်။ရေဒီယိုသတ္တိကြွ မိုးတိမ်များ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေကို လည်း မမေ့သင့်ချေ။ ရေဒီယိုသတ္တိကြွနိုင်သည့် ပစ္စည်းတိုင်းကိုတတ်နိုင်သမျှ တိုက်ရိုက်ထိတွေ့မှု မရှိအောင် ရှောင်ရှားခြင်းက အ မှန်ကန်ဆုံးလုပ်ရပ်ဖြစ်သည်။
အရေးအကြီးဆုံးက နျူကလီးယား တိုက်ခိုက်မှုခံရသည့် မြို့တစ်မြို့တွင် အမှန်တကယ် ရောက်ရှိနေပြီဆိုပါက ဆုံးဖြတ် ချက်တိုင်းကို အတတ်နိုင်ဆုံး ခေါင်းအေးအေးထားပြီး မြန်မြန်ဆန်ဆန်ချမှတ်ရန် ဖြစ်သည်။ နျူကလီးယားဗုံး ပေါက်ကွဲပြီး နောက် ဆက်တွဲ ဂယက်ရိုက်ခတ်မှုများကို ရှောင်တိမ်းပုန်းခိုနေရာ၌ မည်မျှ ကြာကြာ ရှိသင့်သည်ဆိုသော အ ချိန်သတ်မှတ်ချက်သည် သုတေသီများ အမြင်အမျိုးမျိုး ကွဲပြားမှု ရှိသည်။ သို့သော် ယျေဘုယျအားဖြင့် တစ်ရက်နှင့် နှစ်ရက်ကြား အချိန်သည် အသင့်တော်ဆုံးဟု အများစုက ယူဆထားကြောင်း သိရသည်။
7Day News Journal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment