Latest News

Tuesday, April 25, 2017

"ပြည်ခိုင်ဖြိုးပါတီကို လှူဒါန်းခဲ့သည့် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေများကို လက်ရှိအစိုးရထံသို့ ပြန်လည်လွှဲအပ်ရန် သမ္မတရုံးစာပို့ "

"ပြည်ခိုင်ဖြိုးပါတီကို လှူဒါန်းခဲ့သည့် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေများကို လက်ရှိအစိုးရထံသို့ ပြန်လည်လွှဲအပ်ရန် သမ္မတရုံးစာပို့ "

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီကိုလှူဒါန်းခဲ့သည့် ငွေကျပ်(၁.၇)ဘီလီယံကို  လက်ရှိမကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ပြန်လည်လွှဲအပ်ရန်အတွက် ယခင်ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေကို အသိပေးဆောင်ရွက်ရန် သမ္မတရုံးမှ ညွှန်ကြားစာပေးပို့လိုက်ပြီ ဖြစ်သည်။
ယခင်မကွေးတိုင်းဒေသကြီးအစိုးရလက်ထက်တွင် ရေနံလက်ယက်တွင်းတိမ်လုပ်ငန်းရှင်များမှ ဒေသဖွံ့ဖြိုးရေးအတွက်ထည့်ဝင်ခဲ့သော ငွေကျပ် (၇.၄၅၉)ဘီလီယံကျော်ပျောက်ဆုံးနေမှုနှင့်ပတ်သက်၍သမ္မတရုံးမှပေးပို့သည့်ညွှန်ကြားစာကို မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ယနေ့ ဧပြီလ (၂၅)ရက် နံနက်တွင် တိုင်းအစိုးရအဖွဲ့ရုံးခန်းမ၌ မီဒီယာများရှေ့တွင်ဖတ်ကြားပြခဲ့သည်။
သမ္မတရုံးညွှန်ကြားစာတွင် ယခင်မကွေးတိုင်းဒေသကြီးအစိုးရလက်ထက်၌ ရေနံလက်ယက်လုပ်ငန်းရှင်များမှ ဒေသဖွံ့ဖြိုးရေးအတွက်ထည့်ဝင်ခဲ့သော ငွေကျပ်(၇.၄၅၉)ဘီလီယံကျော်ကိစ္စနှင့်ပတ်သက်၍၊ စုံစမ်းတွေ့ရှိချက်များနှင့်ဥပဒေအကြံပြုတင်ပြချက်တို့အရ၊ယခင်မကွေးတိုင်းဒေသကြီးဝန်ကြီချုပ်ဟောင်းဦးဘုန်းမော်ရွှေ၊ဖျက်သိမ်းပြီးဖြစ်သော မကွေးတိုင်းဒေသကြီးဖွံ့ဖြိုးရေးဖောင်ဒေးရှင်းဥက္ကဌ နှင့် ရွှေသုခအသေးစားငွေရေးကြေးရေးလုပ်ငန်း ဥက္ကဌဖြစ်သူဦးကြည်ထွန်းတို့ထံ အောက်ပါအတိုင်းအသိပေးဆောင်ရွက်သွားရန် ဟူ၍ ဖော်ပြထားခြင်း ဖြစ်သည်။
ဆောင်ရွက်ရန် အချက်များတွင်
(က)။ကြံ့ခိုင်ရေးပါတီကိုလှူ ဒါန်းခဲ့သည့် မကွေးတိုင်းဒေသကြီးဖွံ့ဖြိုးရေးဖောင်ဒေးရှင်းပိုင် ငွေကျပ်(၁.၇)ဘီလီယံအား လက်ရှိမကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ပြန်လည်လွှဲအပ်ရန်။
(ခ)။ မကွေးတိုင်းကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီသို့လှူ ဒါန်းခဲ့သော မော်တော်ယာဉ် (၄)စီး၊ဘက်ဟိုး(၁)စီး၊ ပဲ့ထောင်ရေယာဉ်(၂)စီးတို့ကို လက်ရှိမကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ပြန်လည်လွှဲအပ်ရန်။
(ဂ)။ ရွှေသုခအသေးစားငွေရေးကြေးရေးလုပ်ငန်းသို့လွှဲပြောင်းပေးခဲ့သည့်၊ ငွေကျပ်(၁.၅၇)ဘီလီယံကျော်အား၊ လက်ရှိမကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ပြန်လည်လွှဲအပ်ရန်။
အထက်ပါတောင်းခံချက်များအား၊လွှဲပြောင်းပေးအပ်ခြင်းမပြု ပါက တည်ဆဲဥပဒေများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားရန်။
ဟု ဖေါ်ပြပါရှိကြောင်း ဝန်ကြီးချုပ်ဒေါက်တာ အောင်မိုးညို ကဖတ်ကြားခဲ့သည်။(7Day News)

No comments:

Post a Comment