Latest News

Sunday, April 23, 2017

ဂန့်ဂေါ၌ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၂၅၁ လုံး အမိုးလန်ပျက်စီး

ဂန့်ဂေါ၌ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၂၅၁ လုံး အမိုးလန်ပျက်စီး

မကွေး ဧပြီ ၂၃

မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ဂန့်ဂေါမြို့နယ်အတွင်း ဧပြီ ၂၂ ရက်က လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၂၅၁ လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း ဂန့်ဂေါမြို့နယ် ရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ ဧပြီ ၂၂ ရက် ညနေ ၃ နာရီ ၄၅ မိနစ်မှ ၄ နာရီ ၁၅ မိနစ်အထိ လေပြင်းတိုက်ခတ်ခဲ့သောကြောင့် ဂန့်ဂေါမြို့ အမှတ်(၃)ရပ်ကွက်တွင် ဘုန်းကြီးကျောင်းတစ်ကျောင်း၊ လူ နေအိမ် လေးလုံး၊ ကျောမြို့ အမှတ်(၁)ရပ်ကွက်တွင် လူနေအိမ် ခြောက်လုံး၊ ဂန့်ဂေါမြို့နယ် ပြစ်မကျေးရွာတွင် လူနေအိမ် လေးလုံး၊ ဇာဟောကျေးရွာတွင် လူနေအိမ် ၁၃ လုံး၊ အနောက် ဂန့်ဂေါကျေးရွာတွင် လူနေအိမ်သုံးလုံး၊ အုတ်လှကျေးရွာတွင် လူနေအိမ်နှစ်လုံး၊ ရှုံးရှီးကျေးရွာတွင် ဘုန်းကြီးကျောင်း တစ်ကျောင်း၊ လူနေအိမ် ၁၃ လုံး၊ ပိတောက်ကုန်းကျေးရွာတွင် လူနေအိမ် ခုနစ်လုံး၊ လုံခြုံကျေးရွာတွင် လူနေအိမ်နှစ်လုံး၊ ယင်းမာကျေးရွာတွင် လူနေအိမ် ၈၂ လုံး၊ စာသင်ကျောင်း တစ်ကျောင်း၊ စပယ်ကျေးရွာတွင် လူနေအိမ် ၂၉ လုံး၊ စာသင် ကျောင်း တစ်ကျောင်း၊ စင်ပုံကျေးရွာတွင် လူနေအိမ် ၇၈ လုံး၊ ပနန်းကျေးရွာတွင် လူနေအိမ် သုံးလုံး၊ အိမ်သစ်ကျေးရွာတွင် လူနေအိမ်တစ်လုံး၊ ရွှေဘိုကျေးရွာတွင် ပညာရေးဝန်ထမ်းအိမ်ရာ တစ်လုံး၊ မြင်သားကျေးရွာတွင် လူနေအိမ် လေးလုံး၊ ပညာရေး ဝန်ထမ်းအိမ်ရာတစ်လုံးတို့ အမိုးလန်ပျက်စီးခဲ့ခြင်းဖြစ်သည်။

အဆိုပါ လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ဂန့်ဂေါမြို့နယ် အတွင်း စုစုပေါင်း ရပ်ကွက် နှစ်ကွက်၊ ကျေးရွာ ၁၄ ရွာတို့မှ လူနေအိမ် ၂၅၁ လုံး၊ စာသင်ကျောင်း နှစ်ကျောင်း၊ ဘုန်းကြီး ကျောင်း နှစ်ကျောင်း၊ ဝန်ထမ်းအိမ်ရာနှစ်လုံးတို့ အမိုးလန်ပျက်စီး ခဲ့ခြင်းဖြစ်ကာ ဆုံးရှုံးမှုတန်ဖိုးအနေဖြင့်(စိစစ်ဆဲ)ဖြစ်ကြောင်း သိရှိရပြီး အဆိုပါဖြစ်ပွားရာနေရာများအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင်၊ မြို့နယ်ရဲမှူး ရဲမှူးဝင်းထွဋ်တို့ ဦးစီးသည့် ရဲတပ်ဖွဲ့ဝင် များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
ကျော်ဇေယျ/ပြန်/ဆက်

No comments:

Post a Comment