Latest News

Tuesday, April 25, 2017

ရွှေမှုံရတီ ဆေးရုံထပ်တက် ရပြန်ပြီ

ရွှေမှုံရတီ ဆေးရုံထပ်တက် ရပြန်ပြီ
မွေးရာပါ နှလုံးရောဂါရှိတဲ့ ရွှေမှုံရတီဟာ ပြီးခဲ့တဲ့ ရက်တွေကတည်းက ကျန်းမာရေးသိပ်မကောင်းပဲ ရှိနေတာပါလို့ ညီမဖြစ်သူ ငွေမှုံရတီက 7day Daily ကို ပြောပြထားပါတယ်။

လောလောဆယ်မှာတော့ ငွေမှုံရတီနဲ့ ဖုန်းအဆက်အသွယမရသေးတာကြောင့် စကားမပြောဖြစ်သေးသလို ဘယ်နှစ်ရက် တက်ရမလဲဆိုတာလည်း သေချာမသိသေးပေမယ့် မိခင်ဖြစ်သူကတော့ ဘန်ကောက်ကို ရွှေမှုံနဲ့အတူ လိုက်သွားတယ်လို့ သိရပါတယ်။

နှလုံးရောဂါကြောင့် ဘန်ကောက်ဆေးရုံမှာ တစ်လတစ်ကြိမ် ဆေးကုသမှု ခံယူနေရသလို သူမမှာ နှလုံးရောဂါအပြင် အစာအိမ်မကောင်းဘူးလို့လည်း သိရပါတယ်။

ရွှေမှုံရတီ(Shwe Mhom Yati) ဟာ အနုပညာပျိုးခင်း(၁)ရဲ့ စင်တင်မင်းသမီး တစ်လက်အဖြစ် အနုပညာလောကထဲကို ရောက်ရှိလာသူတစ်ဦးဖြစ်ပြီး အသက်(၁၈)ကျော်သာ ရှိသေးတဲ့ သရုပ်ဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။

ယခုဆိုရင် ရွှေမှုံရတီဟာ ဗီဒီယို ဇာတ်ကားများသာမက ရုပ်ရှင်ဇာတ်ကားတွေကိုပါ လက်ခံရိုက်ကူးလာရတဲ့ သရုပ်ဆောင် တစ်ဦး ဖြစ်လို့နေရပါပြီ။ ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်တဲ့ ရွှေမှုံရတီကတော့ ပရိသတ်အားပေးမှု အခိုင်အမာ ရရှိထားသူ တစ်ဦးလည်း ဖြစ်လို့လာပါပြီ။

Photo : ရွှေမှုံရတီ ဖေ့စ်ဘွတ်
Duwun


No comments:

Post a Comment