Latest News

Sunday, April 9, 2017

အနုပညာရှင် ၃၇ ဦးဆီကနေ ဝင်ငွေခွန် ကျပ်သိန်း ၃၈၀ ကျော်ရရှိ

အနုပညာရှင် ၃၇ ဦးဆီကနေ ဝင်ငွေခွန် ကျပ်သိန်း ၃၈၀ ကျော်ရရှိ

ဝင်ငွေခွန်ဆောင်တာနည်းလို့ ဝေဖန်မှုတွေရှိနေပါတယ်။

၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွက် အခွန်ထမ်းဆောင်ဖို့ ကျန်ရှိနေတဲ့ အနုပညာရှင်တွေကို  နိုင်ငံပိုင်သတင်းစာတွေကနေ ထုတ်ပြန်ကြေညာပြီးနောက် အနုပညာရှင် ၁၈ ဦး ထပ်မံအခွန်ဆောင်လာလို့ အနုပညာရှင် ၃၇ ဦးထံမှ ကျပ် ၃၈၇ သိန်းရရှိထားကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
‘‘ဝင်ငွေခွန်ဆောင်တဲ့ အနုပညာရှင် ၁၉ ဦးရဲ့စာရင်းကို ထုတ်ပြန်ပြီးနောက်မှာ ဝင်ငွေခွန်ဆောင် ဖို့အတွက် ရုပ်ရှင်အစည်းအရုံးနဲ့ လည်း ညှိနှိုင်းခဲ့တယ်။ အဲဒီနောက် ပိုင်းမှာတော့ အနုပညာရှင် ၁၈ ဦးက ထပ်မံ အခွန်ဆောင်လာပါတယ်။ အနုပညာရှင်တွေ ဝင်ငွေခွန်ဆောင်ရတာ အဆင်ပြေ အောင် ပြည်တွင်းအခွန်များရုံး (ဗဟန်း)မှာ one stop service စနစ်နဲ့ ဆောင်ရွက်ပေးနေပါတယ်’’လို့ ပြည်တွင်းအခွန် များဦးစီးဌာန ညွှန်ကြားရေးမှူးတစ်ဦးက ပြောပါတယ်။

လူမင်း၊ ခန့်စည်သူ၊ မိုးဟေကို၊ စိုးပြည့်သဇင်၊ အိချောပိုနဲ့ အေးမြတ်သူ တို့က ဝင်ငွေခွန်ထမ်းဆောင်ရန် တိုက်တွန်းပြီးနောက် လာရောက်အခွန်ဆောင်ခဲ့ကြပေမယ့် အနုပညာရှင်တွေက မိမိတို့ရဲ့ ဝင်ငွေ အမှန်ကို ဖော်ပြပြီး ဝင်ငွေခွန်ထမ်း ဆောင်တာမရှိသေးဘူးလို့ ဆိုပါတယ်။
ပြည်တွင်းအခွန်များဦးစီးဌာနက အနုပညာရှင်တွေကို ဝင်ငွေခွန်ကောက်ခံရာမှာ တစ်နှစ်လုံး ဝင်ငွေ ကျပ်သိန်း ၅၀ ကျော်ရင် ရရှိတဲ့ဝင်ငွေရဲ့ ၅ ရာခိုင်နှုန်း၊ ဝင်ငွေကျပ်သိန်း ၁၀၀ ရရှိရင် ဝင်ငွေ၏ ၁၀ ရာခိုင်နှုန်း၊ ဝင်ငွေ ကျပ်သိန်း ၂၀၀ ရရှိရင် ဝင်ငွေရဲ့ ၁၅ ရာခိုင်နှုန်း၊ ဝင်ငွေကျပ်သိန်း ၃၀၀ ရရင် ဝင်ငွေရဲ့ ၂၀ ရာခိုင်နှုန်းနဲ့  ဝင်ငွေ ကျပ်သိန်း ၃၀၀ ကျော်ရရှိပါက ဝင်ငွေရဲ့  ၂၅ ရာ ခိုင်နှုန်း ကောက်ခံတာဖြစ်ပါတယ်။

နာမည်ကြီးသရုပ်ဆောင်တွေက ရုပ်ရှင်တစ်ကားကို ကျပ်သိန်း ၂၀၀ ကနေ ၃၀၀ ကြား၊ ဗီဒီယိုတစ်ကားကို ကျပ်သိန်း ၁၀၀ ကနေ ၂၀၀ ကြား၊ ကြော်ငြာတစ်ခုကို ကျပ်သိန်းဆယ်ဂဏန်းခန့် ရရှိနေ သူတွေဖြစ်လို့ လက်ရှိထုတ်ပြန်တဲ့ အခွန်ထမ်းဆောင်တဲ့ စာရင်းမှာ နာမည်ကြီးသရုပ်ဆောင် တချို့ရဲ့ အခွန်ထမ်းဆောင်ရတဲ့ နှုန်းထားက  နည်းပါးလွန်းနေတယ်လို့ ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။
Source : 7DayDaily:Duwun

No comments:

Post a Comment