Latest News

Monday, April 24, 2017

သင်္ဘောတွေကမ်းကပ်ရင် ဘာကြောင့် ရေကိုဆန်ပြီးကပ်ကြတာလဲ

သင်္ဘောတွေကမ်းကပ်ရင် ဘာကြောင့် ရေကိုဆန်ပြီးကပ်ကြတာလဲ

ကျွန်တော်တို့တတွေ သင်္ဘောစီးတဲ့အခါမှာ စိတ်ဝင်စားစရာအကောင်းဆုံး အချိန်တစ်ချိန်ရှိတယ်။ အဲဒါ သင်္ဘောကမ်းကပ်တဲ့အချိန်ပဲဗျ။ ဘာလို့လဲဆိုတော့ ပင်လယ်၊ မြစ်၊ ချောင်းကြီးတွေထဲမှာ အရှိုန်နဲ့ ရေစုန်အတိုင်း ဆင်းလာတဲ့ သင်္ဘောတိုင်းဟာ ဘယ်တော့မှ ကမ်းဆီကို ချက်ချင်းကပ်လေ့မရှိဘူး။ သင်္ဘောဦးကို ရေစီးဘက်လှည့်၊ ဖြည်းဖြည်းချင်း တစ်စောင်းပတ်သွားရင်း ရေဆန်တက်ခုတ်မောင်းပြီးမှ ကပ်ကြတာ တွေ့ရတယ်။

“ဒါဘာကြောင့်လဲ” ဆိုတဲ့အတွေးမျိုး အားလုံးလည်း တွေးဖူးကြမယ်ထင်ပါတယ်။ အဖြေအမျိုးမျိုးလည်း ပေးဖူးကြမှာပါ။


တကယ်တော့ ဒါဟာ “ဘရိတ်” လို အသုံးပြုမယ့်အရာတွေအတွက် ရေရဲ့ ကန်အား(resistance) ကို တပ်ကူခေါ်ပြီး အသုံးချလိုက်တာပဲဗျ။ ဒါဆို သင်္ဘောမှာ ဘရိတ်ရောပါရဲ့လားလို့တော့ မေးစရာရှိတာပေါ့။ ကျွန်တော် သိသလောက်တော့ ကားတွေ၊ ဆိုင်ကယ်တွေ၊ စက်ဘီးတွေလိုတော့ ဘရိတ်ရယ်လို့ သီးသန့်မရှိပါဘူး။ ဘရိတ်လိုအသုံးပြုမယ့် “ကျောက်ဆူး” တို့၊ “ပြန်လှန်လည်ပတ်အား” တို့ကို အသုံးပြုကြတယ်ဗျ။ ဒါဆို ဒီအရာတွေပါနေတာကို ဘာလို့ ရေကန်အားကို အသုံးချနေရသေးတာလဲ။


ဒါကို သင်္ချာနည်းလေးနဲ့ ဖြေရှင်းကြည့်ရအောင်ဗျာ။ ထားကြပါစို့ဗျာ။ ရေက တစ်နာရီကို ၁ ကီလိုမီတာနှုန်းနဲ့ စီးဆင်းနေတဲ့အချိန်မှာ သင်္ဘောက စက်သတ်ပြီး ကမ်းကပ်တော့မယ်ဆိုပါစို့။ အဲဒီမှာ သူ့ရဲ့ရွေ့လျားနှုန်းက တစ်နာရီကို ၂ ကီလိုမီတာနှုန်းရှိနေမယ်။ ဒါဆိုရင် ရေစုန်မှာ တစ်နာရီကို ဘယ်လောက်ကီလိုမီတာနှုန်းနဲ့ ရွေ့လျားသွားမလဲ။ ရေဆန်မှာဆိုရင်ရော ဘယ်လောက်ဖြစ်မလဲ။


အားလုံးသိတဲ့အတိုင်းပဲဗျ။ ရေစုန်မှာ ၃ ကီလိုမီတာနှုန်းရှိပြီး ရေဆန်မှာ ၁ ကီလိုမီတာနှုန်းပဲ ရှိနေမယ်မဟုတ်လား။ ဒါဆိုရင် ရွေ့လျားနေတဲ့ အရာဝတ္ထုတစ်ခုကို ရပ်တန့်ဖို့ဆိုရင် မြန်နေတဲ့အရာနဲ့စာရင် နှေးနေတဲ့အရာက ရပ်ဖို့ပိုလွယ်တယ်လေ။ ဒါကြောင့် သင်္ဘောအရှိုန်ကို နည်းသွားအောင်၊ တစ်နည်းအားဖြင့် နှေးသွားအောင် ရေကန်အားကို အသုံးပြုကြတာဖြစ်ပါတယ်။

Reference: အဘယ်ကြောင့်တစ်သိန်း(ကြည်ကြည်မာ)

Duwun

No comments:

Post a Comment