ချမ်းသာသော တရုတ်နိုင်ငံသားများအား ဗီဇာလိမ်လည်ထုတ်ပေးသော အဖွဲ့ကို အမေရိကန်အာဏာပိုင်များ ဖမ်းဆီး
တရုတ်နိုင်ငံ သား ၁၀၀ ဦးအထိ အကျိုးအမြတ် ရရှိခဲ့သော ကန်ဒေါ်လာသန်း ၅၀ တန်ဖိုးရှိ ဗီဇာလိမ်လည်ထုတ် ပေးသော အဖွဲ့နှင့် ဆက်စပ်နေ သည်ဆိုသော စီးပွားရေးလုပ်ငန်း တစ်ခုနှင့် လူနေအိမ်နှစ်လုံးကို ကယ်လီဖိုးနီးယားပြည်နယ် ဖက် ဒရယ် အေးဂျင့်များက ဗုဒ္ဓဟူး နေ့တွင် စီးနင်းရှာဖွေခဲ့ကြသည်။
ယင်းအမှုတွင် ပါဝင်နေ သော အဓိကသံသယရှိသူများ သည် ချမ်းသာသည့် တရုတ်နိုင်ငံ သားများအတွက် အမေရိကန် နိုင်ငံ၌ နေထိုင်ခွင့်ဗီဇာရအောင် လုပ်ဆောင်ပေးပြီး ကြီးမားသော ရင်းနှီးမြှုပ်နှံမှုများကို ပြန်လည် ရယူနေကြောင်း အရာရှိများက ပြောသည်။
ယင်းစုံစမ်းစစ်ဆေးမှုတွင် ပါဝင်သော အက်ဖ်ဘီအိုင် စုံ ထောက်တစ်ဦး၏ စာရေးသား ထွက်ဆိုချက်အရ ကယ်လီဖိုးနီး ယားပြည်နယ် အစိုးရရှေ့နေ ဗစ် တိုးရီယာချန်းနှင့် ၎င်း၏ ဖခင် တတ်ချန်းတို့သည် ၂၀၀၈ အတွင်းတရုတ်နိုင်ငံသား ၁၀၀ ကျော်အတွက် ဗီဇာများရရှိအောင် လုပ်ဆောင်ပေးခဲ့ကာ ကယ်လီဖိုးနီး ယား ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ ရင်းနှီးမြှုပ်နှံရေးရန်ပုံငွေ (CIIF)၌ ကန်ဒေါ်လာ သန်း ၅၀ အထိရင်းနှီးမြှုပ်နှံခိုင်းခဲ့သည်။
EB-5 စီမံကိန်းအရ နိုင်ငံ ခြားသားများအား အမေရိကန် နိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့် ပေးအပ်ပြီး ဂရင်းကတ်အစီအစဉ် ဟု လူသိများသည်။
နေထိုင်ခွင့်ရလိုသူအနေဖြင့် အမေရိကန်နိုင်ငံတွင် အလုပ်အ ကိုင်နေရာ ၁၀ ခု ဖန်တီးပေးနိုင် မည့် အမေရိကန်စီးပွားရေးလုပ် ငန်းတစ်ခု၌ အနည်းဆုံး ကန်ဒေါ် လာ ငါးသိန်း ရင်းနှီးမြှုပ်နှံရန် လို အပ်သည်။
ယခုစစ်ဆေးတွေ့ရှိသော လိမ်လည်မှုကြောင့် နိုင်ငံခြားသား အများအပြားသည် EB-5 စီမံ ကိန်းမှတစ်ဆင့် အမေရိကန်ဂရင်းကတ် သေချာစွာရယူနိုင်ခြင်းမရှိ ခဲ့သလို အမေရိကန်စီးပွားရေး လုပ်ငန်းများတွင် အမှန်တကယ် ရင်းနှီးမြှုပ်နှံမှုမရှိခဲ့ဟု အက်ဖ်ဘီ အိုင် အထူးစုံထောက် ဂယ်ရီချန်း က သက်သေခံထွက်ဆိုချက်၌ ရေးသားဖော်ပြထားသည်။
—Ref:AFP
( 7Day News )
Friday, April 7, 2017
ချမ်းသာသော တရုတ်နိုင်ငံသားများအား ဗီဇာလိမ်လည်ထုတ်ပေးသော အဖွဲ့ကို အမေရိကန်အာဏာပိုင်များ ဖမ်းဆီး
ချမ်းသာသော တရုတ်နိုင်ငံသားများအား ဗီဇာလိမ်လည်ထုတ်ပေးသော အဖွဲ့ကို အမေရိကန်အာဏာပိုင်များ ဖမ်းဆီး
Reviewed by Ar Ti
on
11:26 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment